International News

RFA settle with Burmese laid-off Broadcasters

အာရ်အက်ဖ်အေ က အလုပ်ထုတ်ခံရသူဝန်ထမ်းများနဲ့ လျော်ကြေးဖြင့်ကြေအေး
မိုးမခအထောက်တော် ၀၀၃၊ သြဂုတ် ၁၆၊ ၂၀၁၃
လက်ခံရရှိသော သတင်းများအရ ၂၀၁၂ နိုဝင်ဘာလက အာရ်အက်ဖ်အေ (မြန်မာပိုင်း) လူကြီးများက ရေဒီယိုဝန်ထမ်း ၄ ဦးကို အလုပ်မှ ရုတ်ချည်းထုတ်ပစ်ခဲ့မှုအပေါ် အဆိုပါဝန်ထမ်းများက မတရားကြောင်း၊ နစ်နာကြောင်း တရားစွဲဆွဲခဲ့ကြရာမှ ဥပဒေအရ ကြားနာပြီးနောက် ဇူလိုင်လ ၁၂ တွင် သဘောတူညီမှုများ ရရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါပြေလည်မှုတွင် အလုပ်ထုတ်ခံဝန်ထမ်းများက သူတို့၏နစ်နာမှုများနှင့် အလုပ်ပြန်ခန့်ရေးအတွက် စွဲဆိုမှုများကို ရုတ်သိမ်းပြီး RFA ထံမှ လျော်ကြေးပေးခြင်းကို လက်ခံ၍ ကြေအေးလိုက်သည်ဟု သိရသည်။ ထို ကြေအေးမှုအသေးစိတ် အချက်အလက်များကို အများသို့ ထုတ်ပြန်ရန် မလိုဟု ဆိုသည်။
တရားမျှတမှုတောင်းဆိုသည့် အလုပ်ထုတ်ခံဝန်ထမ်းများဖက်က ဆောင်ရွက်ပေးသည့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ရှေ့နေအဖွဲ့က RFA၏ ပြုမှုချက်များကို အောက်ပါအချက်များ အခြေခံပြီး မေးခွန်းထုတ်ခဲ့ကြောင်း –  အလုပ်ထုတ်ခံဝန်ထမ်းများ၏ လုပ်သက်များကို စဉ်းစားခြင်း ရှိမရှိ၊ အလုပ်ထုတ်ခံဝန်ထမ်းများအစား ပြင်ပကန်ထရိုက်လုပ်သားများဖြင့် အစားထိုးခိုင်းစေနေမှု၊  အလုပ်ခွင်တွင်း မဖွယ်မရာဆောင်ရွက်သည်ဟု တိုင်တန်းခြင်းခံရသည့် ရေဒီယိုဌာန၏ အကြီးတန်းအယ်ဒီတာတဦး၏ အာဃာတ အငြိုးစိတ်ကြောင့် အဆိုပါ ၀န်ထမ်းများ အလုပ်ထုတ်ခံရခြင်း အမှုသွား အခြေခံတို့ကို တင်ပြခဲ့ကြသည်ဟု ဆိုသည်။
အလားတူ RFA ခမာဘာသာအစီအစဉ်က အလုပ်ထုတ်ခံခဲ့ရသူ ၀န်ထမ်း ၂ ဦးလည်း တရားတဘောင်အတွင်းကနေ ကြေအေးမှု ရရှိခဲ့ကြဟု သိရသည်။
(ဓာတ်ပုံ – ကြေအေးမှုရယူလိုက်သော ရေဒီယိုဝန်ထမ်းများနဲ့ သူတို့ ရှေ့နေများ၊ ၀ဲမှ ယာ၊ ဇော်မိုးကျော်၊ ကိုယ်စားလှယ် ပေါလ်၊ အလုပ်သမားရှေ့နေ ဘော့ပေါလ်၊ ကိုကိုအောင်၊ ဉာဏ်ဝင်းအောင်၊ (အင်ကြင်းနိုင်၏ ပုံမပါ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts