ကဗျာ

စိုးနောင် (မုံရွာ) ● ကျေးရွာဝတ္ထု (၉)

စိုးနောင် (မုံရွာ) ● ကျေးရွာဝတ္ထု (၉)
(မိုးမခ) မတ်လ ၉၊ ၂၀၁၉

ဆိုကြပါစို့
စက်ဘီးစီးရင်းကားတိုက်ခံရတယ်

ဆိုကြပါစို့
လျော်ကြေးငွေသိန်း (၃၀) ရတယ်

ဆိုကြပါစို့
ပြည်သူ့ဆေးရုံလေးကိုသွားတယ်

ဆိုကြပါစို့
အဆုတ်ကိုနံရိုးတွေစိုက်နေတယ်

ဆိုကြပါစို့
ငွေကုန်သွားတယ်ရောဂါမသက်သာဘူး

ဆိုကြပါစို့
တစ်သက်လုံးမမြင်ဖူးတဲ့ငွေကို
ကိုင်ခွင့်ရချိန်ဟာ တိုတောင်းလွန်းတယ်

ဆိုကြပါစို့
ပြည်သူ့ဆေးရုံကြီးဆီကိုထပ်သွားခိုင်းတယ်

ဆိုကြပါစို့
တဲတဲလေးကျန်တဲ့ဘဝကို
တဲလေးထဲမှာအချိန်ကုန်တယ်

ဆိုကြပါစို့
ဆရာဝန်သွားခိုင်းတဲ့ဆီမသွားနိုင်တော့
ဆရာဝန်မသွားခိုင်းတဲ့ဆီသွားရတယ်

ဆိုကြပါစို့
ငါးလေးတွေဖျတ်ဖျတ်လူးပြီးကျန်ခဲ့တယ်

ဆိုကြပါစို့
နေရောင်အောက်မှာ
ရေအိုင်လေးခမ်းခြောက်သွားတယ်။    ။

စိုးနောင် (မုံရွာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts