ကဗျာ

ဝေယု ● ရေမျက်နှာပြင်ပေါ်တင်ဝုန်းခဲ့

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဝေယု ● ရေမျက်နှာပြင်ပေါ်တင်ဝုန်းခဲ့
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၁၉

မြို့တွေရွာတွေအကြောင်းတော့
ပြောမဆုံးပေါင် တောသုံးထောင်လို

တနင်္ဂနွေလည်းမနားဘူး
မနက်ခင်းလေးလည်း မအားဘူး

စားကျက်မြေကိုသာ အမှန်ရွေးချယ်
ရာသီမရွေး အချိန်အခါမရွေး
မြို့တက်မယ့် ဝှက်ဖဲလို

စီးပွားရေးက ခွေးကတက်မှာ
ဆာလောင်နေတဲ့လူလို

ဘုဂလန့်သမား ယဉ်ကျေးမှုကို
တွန်းတင် တွန်းတိုက် ဂတုံး ဂတိုက်လုပ်

အနေခက် အနေမက်တဲ့ မလွယ်ကူတဲ့အတွေး
ငြီးငွေ့သူဟာ နှစ်နဲ့ချီပြီးတော့
ညရေးညတာတွေကို ရပါတယ်

အေးရာအေးကြောင်း စွဲမြဲ
အဆူအပူ အဝိုင်းဝိုင်း စကားဝိုင်းကို
ရေမျက်နှာပြင်ပေါ် တင်ဝုန်းခဲ့

ကမ္ဘာလုံးကြီး
ရေပေါ် ပန်းတက်လာပုံဟာ
အခု ငါ့ကဗျာ ငါ့စာလို။

ဝေယု


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts