ကဗျာ

အခရာ ● ပင်လယ်နဲ့တူတဲ့ သင်္ဘော

အခရာ ● ပင်လယ်နဲ့တူတဲ့ သင်္ဘော
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၈

အတွဲ (၅)၊ အမှတ် (၁) မေ၊ ၂၀၀၈ ထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။

ရေလှိုင်းဖြူလေးတွေ
ကမ်းခြေဆီ လက်ချင်းချိတ်ယှက်
ပင်လယ်ထဲကအမှိုက်တွေ သယ်ပို့နေကြရဲ့။
ငါဟာ မဆိုက်ကပ်ဘဲ ခုတ်မောင်းလာခဲ့တယ်။
ကျွန်းတွေ တကျွန်းနဲ့ တကျွန်း
ဂုဏ်ဆောင်တေးတွေနဲ့
အပြန်လှန် ပဲ့တင်ကြွားဝါနေကြရဲ့။
ငါဟာ လွတ်မြောက်ရာဆီ ကွေ့ရှောင်လာခဲ့တယ်။
ငါကိုယ်တိုင်က ရေရဲ့ခရီးဆောင်အိတ်လို
သန့်စင်ချင်စိတ် အပြည့်အသိပ်နဲ့။
အနံ့ဆိုးတွေနဲ့ ကမ်းခြေကို
ရေလှိုင်းဖြူလေးတွေက မုန်းသလိုမုန်းတယ်။
သရဖူယောင်ဆောင်နေတဲ့ ကျွန်းတွေကို
မုန်တိုင်းတွေက ငြီးငွေ့သလို ငြီးငွေ့တယ်။
ဒီလိုနဲ့ စိမ့်ဝင်လာတဲ့ရေတွေလည်းများပြီ။
အညစ်ထေးမခံတဲ့ ငါ့ဝိညာဉ်ကိုလည်း
ခပ်မထုတ်နိုင်တော့ပြီ
မရင့်ကျက်တဲ့ ငါ့နာမည်နဲ့သင်္ဘောကြီး
ပင်လယ်လိုစီးရသလောက် စီးပြသွားခဲ့ပြီ။

အခရာ
၂၉၊ ၁၊ ၂၀၁၈

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts