ဘာသာပြန်ကဏ္ဍ အခန်းဆက်များ ဒေါက်တာခင်မောင်ဝင်း (သချာင်္)

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) – ဂိတ်စောင့်ခြင်း

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) – ဂိတ်စောင့်ခြင်း

ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၎

 (မိုးမခဘာသာပြန်အခန်းဆက်) သြဂုတ် ၃၊ ၂၀၁၈

HOW  DEMOCRACIES DIE  စာအုပ်တွင် အခြား၌မသုံးဖူးသေးသော နိုင်ငံရေးဝေါဟာရတစ်ခုကို သုံးထားသည်ကို တွေ့ရသည်။ ထိုဝေါဟာရမှာ gate keeping  ဖြစ်သည်။ နိုင်ငံရေးဝေါဟာရဟူသည် ဘာကိုခေါ်သည်ဟူသည်နှင့် ပတ်သက်၍ John Hoffman နှင့် Paul Graham  ရေးသားသော Introduction to Political Theory  တွင် ဤသို့ဆိုထား သည်။ မည်သည့်ဝေါဟာရစကားလုံးကိုမဆို မည်သူမဆို နိုင်ငံရေးဝေါဟာရဟု သတ်မှတ်လိုက်လျှင် ထိုစကားလုံး သည် နိုင်ငံရေးဝေါဟာရ ဖြစ်သွားသည်။

‘gatekeeping’ ဟူသော စကားလုံးကို ရှင်းရလျှင် –
gate(noun)  တံခါး၊ တံခါးပေါက်၊ ဝင်ပေါက်၊ ထွက်ပေါက်၊ ဂိတ်၊ ခြံတံခါး
keep(verb)  ထိန်းသိမ်းသည်၊ စောင့်သည်
keeping(noun) ထိန်းသိမ်းခြင်း၊ စောင့်ခြင်း
gatekeeping  ကိုမြန်မာလိုပြန်လျှင်၊ ဂိတ်စောင့်ခြင်းဟု အနီးစပ်ဆုံး ဘာသာပြန်နိုင်သည်။

ထိုစကားလုံးသည် မူလက နိုင်ငံရေးဝေါဟာရမဟုတ်ပါ။ သို့သော် HOW  DEMOCRACIES DIE စာအုပ်တွင်အသုံးပြုထားပုံအရ နိုင်ငံရေး ဝေါဟာရဖြစ်သွားပါသည်။ ထိုစာအုပ်တွင် သုံးထားသောပုံစံအရ ‘gatekeeping’ ဟူသည်မှာ နိုင်ငံတစ်နိုင်ငံတွင် ‘ဒီမိုကရေစီစံနစ် မဆုံးရှုံးအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း’ကို ခေါ်သည်။  ထိုဝေါဟာရနဲ့ဆက်စပ်၍ ‘gatekeeper’ဟူသော ဝေါဟာရကို ထိန်းသိမ်းစောင့်ရှောက်သောသူ (ဝါ)နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီကို ခေါ်နိုင်သည်။

ဒီမိုကရေစီစနစ်ကို မဆုံးရှုံးစေရန် ထိန်းသိမ်းစောင့်ရှောက်သောလုပ်ငန်းများ

ဂိတ်စောင့်ခြင်းတွင် ဆုံးရှုံးမှုများ သည်။ များလည်းများသည်၊ အမှတ်တရလည်းရှိပါသည်။ သို့ရာတွင်အချို့သော ဥရောပတိုက်၏နိုင်ငံများတွင် ကမ္ဘာ ၏ နှစ်ခုအတောအတွင်းက အောင်မြင်စွာဂိတ်စောင့်ခြင်းလုပ်ငန်းကို အောင်မြင်စွာလုပ်ဆောင်ခဲ့သည်။ အံ့သြစရာ ကောင်းသည်မှာ နိုင်ငံငယ်လေးများထံမှ ကြီးမားသောသင်ခန်းစာများကို ရရှိခဲ့ခြင်းဖြစ်သည်။

ဥပမာအားဖြင့် ဘယ်လ် ဂျီယံ (Belgium)၊ ဖင်လန်(Finland)တို့ ဖြစ်ကြသည်။ ၁၉၂၀ နှင့်၁၉၃၀ နှစ်များက ဥရောပတိုက်၏နိုင်ငံရေးနဲ့ စီးပွားရေးကပ်ဆိုက်သောကာလများအတွင်းက ဒီမိုကရေစီကျဆုံးတော့မည့်လက္ခဏာများကို ဘယ်လ်ဂျီယံ နိုင်ငံနဲ့ ဖင်လန်နိုင်ငံတို့တွင် တွေ့ခဲ့ရသည်။ ထိုနိုင်ငံများတွင် အစွန်းရောက်ဝါဒီများတက်လာခဲ့သည်။ ထိုအစွန်းရောက် ဝါဒီများကြောင့် ဒီမိုကရေစီကျဆုံးတော့မည့်အန္တရာယ်များမှ ထိန်းသိမ်းစောင့်ရှောက်သည့် နိုင်ငံရေးသမားများက ကယ်တင်နိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် နာဇီဂျာမနီ၏ ကျူးကျော်မှုကြောင့်သာလျှင် အရာရာပျက်စီး ယိုယွင်းခဲ့ ကြရသည်။

ဟစ်တလာ(Hitler) ၏ နာဇီဂျာမနီ၏ ကျူးကျော်ခြင်းမတိုင်မီ ဘယ်လ်ဂျီယံနဲ့ ဖင်လန်တို့တွင် ဂိတ်စောင့်ခြင်း အလုပ်(gatekeeping) ကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြသဖြင့် ဒီမိုကရေစီရှင်သန်ခဲ့ပုံများသည် သမိုင်းတွင်ရှိပါသည်။ How Democracies Die စာအုပ်တွင် ဤသမိုင်းဖြစ်ရပ်များကို ရေးသားထားသော်လည်း ဘာသာပြန်သူ (ဒေါက်တာခင်မောင်ဝင်း)သည် ပါတီနိုင်ငံရေးပရိယာယ်များကို နားမလည်သဖြင့် ထိုအဖြစ်အပျက်များကို ဘာသာပြန် ပေးနိုင်စွမ်းမရှိပါ။

ဤကဲ့သို့ အောင်မြင်စွာ ဂိတ်စောင့်ခြင်းအလုပ်ကို ရှေးအခါကသာမက များမကြာမီကာကလည်း(Austria) သြစတြီး ယား တွင် အောင်မြင်စွာစွမ်းဆောင်နိုင်ပါသည်။ သြစတြီးယားသည် သြစတြေးလျ(Australia) မဟုတ်ကြောင်း သတိပေးလိုပါသည်။ သြစတြီးယားသည် ဥရောပတိုက်တွင်ရှိပြီး သြစတြေးလျသည် ကမ္ဘာ့၏တောင်ဘက်စွန်းရှိ ကျွန်းကလေးဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်က သြစတြီးယားတွင် ဒီမိုကရေစီဆုံးရှုံးတော့မည့် အန္တရာယ်ကြုံတွေ့ရခဲ့သည်။ ထိုအချိန်က ပါတီနိုင်ငံရေးကိုဦးစားမပေးဘဲ ဒီမိုကရေစီမကျဆုံးရေးကိုသာ ဦးစားပေး၍ အရာရာကိုလုပ်ဆောင်ခဲ့သဖြင့် ဒီမိုကရေစီရှင်သန်ခဲ့သည်။

အချုပ်ကို ပြန်ပြောရသော် ဘယ်လ်ဂျီယံနဲ့ ဖင်လန်၊ သြစတြီးယားတို့တွင် ဘာသာပြန်သူ၏စကားဖြင့် ပြောရလျှင် မည်ကဲ့သို့လုပ်လိုက်သည်မသိ၊ ဒီမိုကရေစီမကျဆုံးအောင် ဂိတ်စောင့်ခြင်းအလုပ်ကို လုပ်နိုင်ခဲ့သည်။ အမေရိကန် ပြည်ထောင်စုသည် ဂိတ်စောင့်ခြင်းလုပ်ငန်းနဲ့ပတ်သက်၍ အတော်ချီးမွန်းလောက်အောင်ပင် လုပ်နိုင်ခဲ့ပါသည်။ ပြိုင်ဘက်ပါတီကြီး (၂) ခုဖြစ်သော ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန်ပါတီတို့သည် သူတို့၏နိုင်ငံရေးမူဝါဒများ ကွာခြားမှုကို ဖယ်၍ ဒီမိုကရေစီရှင်သန်ရေးကို ဦးစားပေး၍ဆောင်ရွက်ခဲ့ကြသည်။ ဒီမိုကရေစီကိုကျဆုံးအောင် လှုံ့ဆော်ကြသည့် အချို့သောနိုင်ငံရေးသမားများသည် လူထုထောက်ခံမှုကို အတော်ရရှိထားသောကြောင့် ဤအလုပ်သည် ပြောသလောက်မလွယ်ကူလှပါ။ ထိုပါတီ(၂)ခုစလုံးသည် ဒီမိုကရေစီ စံနစ်ကို ကျဆုံးအောင်လုပ်မည့်နိုင်ငံရေးသမားများကို အာဏာမရအောင် တားဆီးနိုင်ခဲ့ကြသည်။ သို့သော် ထိုရာဇ၀င်သမိုင်းတွင်မှုမှာ ၂၀၁၆  ထရမ့်အာဏာရရှိခဲ့သည်အထိသာ ဖြစ်သည်။

ထရမ့်အာဏာရရှိခဲ့ခြင်းသည် ဒီမိုကရေစီဆုံးရှုံးဖို့အတွက် ပထမအဆင့်ဖြစ်သည်။ အကယ်၍ ဒုတိယနဲ့ တတိယအဆင့်တို့ကို မကူးအောင် တားဆီးနိုင်လျှင် ဒီမိုကရေစီအတွက် မျှော်လင့်ချက်ရှိနိုင်သည်။

‘Gatekeeping in America’ (အမေရိကန်နိုင်ငံတွင် ဂိတ်စောင့်ခြင်းအလုပ်) ဟူသော ခေါင်းစဉ်ဖြင့် အမေရိကန် နိုင်ငံကို ဒီမိုကရေစီမဆုံးရှုံးအောင် ကြိုးပမ်းခဲ့သည့်ဖြစ်ရပ်များ အကြောင်းကို ရေးသားထားသည်။ ဤအခန်းတွင် ပထမဆုံးပါသော အကြောင်းအရာမှာ စိတ်ကူးယဉ်ဝတ္ထုတစ်ခုအကြောင်း ဖြစ်သည်။ ဝတ္ထု၏အမည်မှာ ‘The Plot Against America’ (အမေရိကန်နိုင်ငံကို ဆန့်ကျင်သောကြံစည်မှု) ဖြစ်ပြီး ဝတ္ထုရေးသူမှာ ဖိလစ်ရော(Phillip Roth) ဖြစ် သည်။ ဤကဲ့သို့သောစာအုပ်ထဲတွင် စိတ်ကူးယဉ်ဝတ္ထုအကြောင်းကို အဘယ်ကြောင့်ထည့်ထားသည်မှာ စဉ်းစားစရာ ဖြစ်ပါသည်။ ဘာကြောင့်ဟူသည်ကို မစဉ်းစားဘဲ ထိုအကြောင်းကို ဘာသာပြန်၍တင်ဆက်ရသော် …

ဤဝတ္ထုတွင် စာရေးဆရာသည် သမိုင်းဖြစ်ရပ်များကိုမှီ၍ စစ်မဖြစ်မီကာလက အမေရိကန်နိုင်ငံတွင် အကယ်၍ ဖက်ဆစ်ဝါဒလွှမ်းမိုးခဲ့လျှင် ဘာဖြစ်မည်ကို စိတ်ကူးဖြင့် ပုံဖော်ထားသည်။ ဤဝတ္ထုတွင် အဓိက ဇာတ်ကောင်မှာ ချားလင်းဘတ်(Charles Lindberg) သည် သမိုင်းတွင် ဧကန်တကယ်ရှိခဲ့သည်။ ချားလင်းဘတ်အကြောင်းကို ထိုစာအုပ်ရေးသော စာရေးဆရာသည် စာဖတ်သူများအနေဖြင့် သိပြီးသားလူတစ်ယောက်ပမာ ထည့်သွင်းထားသော်လည်း ဘာသာပြန်သူ ဒေါက်တာခင်မောင်ဝင်းအနေဖြင့် စာဖတ်သူများကို ထိုပုဂ္ဂိုလ်အကြောင်း သိသင့်သလောက်ကို ဖြည့်စွက်၍ပြောချင်ပါသည်။

ချားလင်းဘတ်ကို (၁၉၀၂) တွင် အမေရိကန်နိုင်ငံတွင် မွေးဖွားခဲ့သည်။ သူ၏အထင်ရှားဆုံးသော ကမ္ဘာကျော်သွား သောလုပ်ရပ်မှာ ၁၉၂၇ ခုနှစ်က အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်၍ တဦးထဲ မရပ်မနားဘဲ လေယာဉ်ကို မောင်းခြင်းဖြစ် သည်။ သူသည် မေလ၂၀ရက်နေ့တွင် နယူးရောက်ခ်မြို့မှ လေယာဉ်စ၍မောင်းခဲ့ရာ မေ၂၁ရက်တွင် ပြင်သစ်နိုင်ငံ ပါရီသို့ရောက်ရှိခဲ့သည်။ ချားလင်းဘတ်ကို ဒုတိယကမ္ဘာစစ်အတွင်းတွင် နိုင်ငံအတွက် အမူထမ်းခဲ့သည်။ ၁၉၇၄ခုနှစ် တွင် ကွယ်လွန်သည်။ ဤသည်ကား စွယ်စုံကျမ်းထဲတွင် ပါဝင်သော ချားလင်းဘတ်၏ အထုပ္ပတ္တိအကျဉ်းပင်ဖြစ် သည်။

သို့သော် ဖီးလော့ဝတ္ထုထဲတွင် ချားလင်းဘတ်သည် ဤမျှလွယ်လွယ်ကူကူဖြင့် လူထုရှေ့မှ ပျောက်ကွယ်မသွား ပါ။ ဝတ္ထုထဲတွင် ၁၉၄၀ ရီပတ်ဘလစ်ကန်ပါတီသည် ချားလင်းဘတ်ကို သမ္မတလောင်းအဖြစ် တင်လိုက်သည်။ အမေရိကန်လူထု၏ သူရဲကောင်းပမာဖြစ်နေသော ချားလင်းဘတ်ကို ‘လစ်ဒီအသက်တရာကျော်ရှည်ပါစေ’ ဟူသော ကြေွး ကြော်သံများဖြင့် ကြိုဆိုကြသည်။ ချားလင်းဘတ်သည် အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်သန်းခဲ့သော လေယာဉ်ဖြင့် တစ်မြို့ပြီး တစ်မြို့ မဲဆွယ်စည်းရုံးရေးခရီးထွက်ခဲ့သည်။

သမ္မတရွေးကောက်ပွဲတွင် ချားလင်းဘတ်သည် ရုစဘဲ့ကို အနိုင်ရခဲ့သည်။ နောက်ပိုင်းတွင် ချားလင်းဘတ် အဖြစ်မှန်များ ပေါ်လာသည်။ ချားလင်းဘတ်သည် နာဇီပါတီကို ထောက်ခံသူဖြစ်သည်။ သူ့ကို ဟစ်တလာက အားပေးခဲ့ သည်။ နောက်ပိုင်းတွင် ချားလင်းဘတ်သည် ဟစ်တလာအပါအဝင် အမေရိကန်၏ရန်သူများဖြင့် ငြိမ်းချမ်းရေးစာချုပ်များ ချုပ်ဆိုခဲ့သည်။

ဤအဖြစ်အပျက်များသည် စိတ်ကူးယဉ်ဇာတ်လမ်းများဖြစ်သည်။ သို့သော် ၂၀၁၆ တွင် ထရမ့်သမ္မတဖြစ်လာသည့် နောက်ပိုင်း ဖြစ်ရပ်များသည် ထိုဝတ္ထုထဲရှိ စိတ်ကူးယဉ်ဇာတ်လမ်းများဖြင့် တော်တော်ဆင်တူသည်ဟု အမေရိကန်များက ဆိုသည်။ ၁၉၃၀ခုနှစ်များတွင် အမေရိကန်နိုင်ငံ စီးပွားရေးကပ်ဆိုက်ခဲ့စဉ်က အမေရိကန်နိုင်ငံတွင် ဒီမိုကရေစီဆုံးရှုံးတော့မည့်အဖြစ်မျိုး ကြုံခဲ့သည်။ အမေရိကန်နိုင်ငံ၏ နိုင်ငံရေးသမားများက ဂိတ်စောင့်ကောင်းသော ကြောင့်သာ ဒီမိုကရေစီဆက်လက်၍ ရှင်သန်ခဲ့ခြင်းဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) – ဂိတ်စောင့်ခြင်း
  1. ဟစ်တလာ(Hitler) ၏ နာဇီဂျာမနီ၏ ကျူးကျော်ခြင်းမတိုင်မီ ဘယ်လ်ဂျီယံနဲ့ ဖင်လန်တို့တွင် ဂိတ်စောင့်ခြင်း အလုပ်(gatekeeping) ကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြသဖြင့် ဒီမိုကရေစီရှင်သန်ခဲ့ပုံများသည် သမိုင်းတွင်ရှိပါသည်။ —-

    My answer:

    Finnland was never invaded by Nazi Germany but by the Soviet Union!!

    According to Wikipedia:

    After a brief experimentation with monarchy, Finland became a presidential republic, with Kaarlo Juho Ståhlberg elected as its first president in 1919. The Finnish–Russian border was determined by the Treaty of Tartu in 1920, largely following the historic border but granting Pechenga (Finnish: Petsamo) and its Barents Sea harbour to Finland. Finnish democracy did not see any Soviet coup attempts and survived the anti-Communist Lapua Movement. The relationship between Finland and the Soviet Union was tense. Army officers were trained in France, and relations with Western Europe and Sweden were strengthened.

    In 1917, the population was 3 million. Credit-based land reform was enacted after the civil war, increasing the proportion of capital-owning population.[53] About 70% of workers were occupied in agriculture and 10% in industry.[57] The largest export markets were the United Kingdom and Germany.

    World War II and after

    Areas ceded by Finland to the Soviet Union after World War II. The Porkkala land lease was returned to Finland in 1956

    Main article: Military history of Finland during World War II

    Finland fought the Soviet Union in the Winter War of 1939–1940 after the Soviet Union attacked Finland and in the Continuation War of 1941–1944, following Operation Barbarossa, when Finland aligned with Germany following Germany’s invasion of the Soviet Union. For 872 days, the German army, aided indirectly by Finnish forces, besieged Leningrad, the USSR’s second-largest city.[58] After resisting a major Soviet offensive in June/July 1944 led to a standstill, Finland reached an armistice with the Soviet Union. This was followed by the Lapland War of 1944–1945, when Finland fought retreating German forces in northern Finland.

Comments are closed.