ကဗျာ

အေးမိမိ – တခါတခါတော့လည်း ပြန်လာစေချင်တယ်

အေးမိမိ – တခါတခါတော့လည်း ပြန်လာစေချင်တယ်

(မိုးမခ) ဇွန် ၁၂၊ ၂၀၁၈

တခါတလေ အတွေးထဲမှာ
အဲ့ဒိမှာ ပိုအဆင်ပြေလေမလား ……

မြင့်မားတဲ့ပညာတွေသင်ခွင့်ရှိတဲ့အရပ်ဒေသ
လူသားအခွင့်အရေး အလေးပေးတဲ့နိုင်ငံကြီး

မင်း ပျော်နေပြီလား ……

တကယ်ဆို ……
ပြန်လာသင့်နေပေမဲ့ တို့မသိနိုင်တဲ့
အကြောင်းအရာတွေ ရှိနေအုန်းမယ်ထင်ပါရဲ့ ……

မြတ်ရွှေတိဂုံဘုရား ဖူးမျှော်ချင်တဲ့
သူငယ်ချင်း ……

အမိမြေကိုချစ်ခင်တွယ်တာတဲ့သူငယ်ချင်း

ဆွေမျိုး မိတ်ဆွေအပေါင်းကို
အမြဲသတိရနေတဲ့ သူငယ်ချင်း ……
မြန်မာအစားအစာတွေ လွမ်းနေတဲ့သူငယ်ချင်း…
လူမှုရေးတာဝန်တွေအမြဲကြေတဲ့
သူငယ်ချင်း…
တို့တတွေအတူလက်တွဲ
တိုင်းပြည်အတွက် တနေရာရာကနေ
လုပ်အားတွေလည်းပေးချင်သေးတာမို့……

အခါအခွင့်သင့်ရင်တော့
ကိုယ့်တိုင်းပြည်ကို ခြေလာနင်း
ပြန်လာခဲ့အုန်း …… သူငယ်ချင်း။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts