ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – ဘီလူးစည်းကို ကျော်ဖြတ်ခြင်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles


ကျော်ဟုန်း – ဘီလူးစည်းကို ကျော်ဖြတ်ခြင်း
(မိုးမခ) မေ ၂၆၊ ၂၀၁၈

ရေဆန်ပိတ်ပြီး ငါးရှာတယ်
ဆန်တက်တဲ့ငါးတွေ သေဖို့ သာပြင်။

ငါတို့ ဟာ
ရေဆန်ငါးတွေဖြစ်ခဲ့။

ငါးဆိုတာ
ရေလွှာလှိုင်းထုကို
ခေါင်းနဲ့ ဆောင့်ရဲတယ်။

မြားချိတ်က အစာကို
ပါးနပ်စွာ ဟပ်စားဖူးသလို
အစာမပါတဲ့ ပိုက်ကျော့ကွင်းကို
အလီလီ ရှောင်ခဲ့ဖူးတယ်။

လိုရာစည်းကို ဖောက်ထွက်ချိန်မှာ
ရခဲ့ဖူးတဲ့ ဒဏ်ရာတွေက
တသက်စာကျေနပ်လောက်တဲ့ ငါတို့ ရဲ့ ဆုလာဘ်။ ။

ကျော်ဟုန်း
၂၀၁၈၀၅၂၃

(ပုလဲရတုမြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံသို့  ဂုဏ်ပြုမှု)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts