ကဗျာ

မောင်ကြူးရင့် ● လာ ရဲရဲ တံတားသစ်ဆီ

မောင်ကြူးရင့် ● လာ ရဲရဲ တံတားသစ်ဆီ
(မိုးမခ) ဧပြီ ၅၊ ၂၀၁၈

ဘဝဆိုတာ
ကမ္ဘာကျော်ဟောလီးဝုဖ်
ရုပ်ရှင်ကားမဟုတ်ဘူး
လူကောင်းမဟုတ်ရင် လူဆိုး
လူကြီးလူကောင်းမဟုတ်ရင် ဗီလိန်
ဇာတ်လိုက်မဟုတ်ရင် လူကြမ်း
သူရဲကောင်းမဟုတ်ရင် သစ္စာဖေါက်
အားလုံးဇာတ်ကောင်တွေချည့်ပဲ
သမိုင်းမှာလူသားဟာ
အမှန်တရားအတွက်ဆို
အဆိပ်ခွက်တောင် မော့သောက်ခဲ့သေးတာပဲ
ယုံကြည်ရာကို
အသက်တောင်စွန့်ခဲ့သေးတာပဲ
လာရဲရဲ လမိုက်မိုက်
ကမ်းသစ်ရောက်အောင်
ဖြတ်ကိုဖြတ်ရမှာပဲ
ကမ်းသစ်ဖြတ်တဲ့အခါ
တံတားကဆွေးမြေ့နေပြီ
တံတားအောက်မှာ
အသူတရာချောက်
အားလုံးအသက်ပျောက်သွားနိုင်တယ်
အားလုံးလွတ်မြောက်ဖို့
ဘယ်လောက်ပိန်းပိန်း
ဘယ်လောက်မှောင်မှောင်
တံတားသစ်ထိုးဖြတ်ရမှာပဲ။

မောင်ကြူးရင့်
၁၇၊ ၃၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts