ရသဆောင်းပါးစုံ ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) ● တရုတ်မကြောက် အမေရိကန်ကို ဂရုမစိုက်တဲ့… ဒူတာတေး

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဇော်အောင် (မုံရွာ) ● တရုတ်မကြောက် အမေရိကန်ကို ဂရုမစိုက်တဲ့… ဒူတာတေး
(မိုးမခ) ဧပြီ ၁၄၊ ၂ဝ၁၇

ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် နေပြည်တော် လေဆိပ်သို့ မတ်လ ၁၉ ရက် ၂ဝ၁၇၊ ညနေ ၆ နာရီကျော်က ဆိုက်ရောက် လာခဲ့ရာ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် သွားရောက်ကြိုဆိုခဲ့သည်။

အသက် ၇၂ နှစ်၊ သမ္မတဒူတာတေး မြန်မာနိုင်ငံ ၂ ရက်အလည်လာသွားတယ်။ ရန်ကုန်မှာမနေပဲ နေပြည်တော်မှာ ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ မူရစ်ဆေး၊ လူကုန်ကူးမှုတွေ နှစ်နိုင်ငံ ပူးတွဲကာကွယ်တားဆီးဖို့ အဓိကဖြစ်မှာပါ။ ဒေါ် အောင်ဆန်းစုကြည်လည်း အသက် ၇၂ နှစ်ထဲရောက်နေပြီ။ နိုင်ငံအရေး၊ အမျိုးသားရေးလုပ်ဆောင်ရင်း ရင်းနှီးမှု၊ တယောက် အကြောင်းတယောက် နားလည်မှု၊ အတွေ့အကြုံဖလှယ်မှုတွေ လိုအပ်ပါတယ်။ အသက်ရွယ်ရပေမဲ့ အားမာန်ကောင်းနေဆဲ နိုင်ငံခေါင်းဆောင်နှစ်ဦးပါ။

သူတို့ နှစ်ယောက် ဘဝဖြစ်စဉ်တွေက မတူပါ။ ဖိလစ်ပိုင်က မားကို့စ်လက်ထက်မှာ အာရှမှာဂျပန်ပြီးရင် ဒုတိယလူနေမှုအမြင့် ဆုံးဖြစ်ခဲ့ဖူးပြီး၊ ၁၉၆၅ ဖာဒီနန်မားကို့စ် အာဏာရှင်လက်အောက်မှာ အနှစ်၂ဝ ကြာခဲ့တယ်။ ခရိုနီများလက်အောက်မှာ တိုင်း ပြည်ပျက်စီးခဲ့တာ ၁၉၈၆ ကတည်းက ပြုပြင်ပြောင်းလဲနေတာ အခု ၂ဝ၁၆ သမတဒူတာတေး အရွေးခံရပြီး မူးယစ်ဆေး ဝါးသုံးစွဲ၊ ရောင်းသူများကို ပစ်သတ်တဲ့နည်းကြောင့် နာမည်ကြီးပါတယ်။ အမေရိကန်နိုင်ငံနဲ့တောင် ဆက်ဆံရေးအဆင်မပြေ၊ တရုတ်ကိုလည်း မကြောက်၊ အမျိုးသားရေးပဲ ဦးစားပေးတဲ့ သမ္မတဖြစ်ပါတယ်။

● ဒူတာတေးသတင်းတခု
ဒီဇင်ဘာ ၁၄၊ ၂ဝ၁၆ မိဇ္စျိမသတင်းဌာန ။ ။ အကယ်၍များ အချိန်တွေကိုသာ နောက်ပြန်ဆွဲ၍ရမည်ဆိုပါက လက်ရှိရာထူးကို ရယူချင်စိတ်ရှိတော့မည်မဟုတ်ကြောင်း ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ဖွင့်ဟပြောဆိုသွားခဲ့ကြောင်း သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

လက်ရှိသမ္မတတာဝန်ကို ရယူထားရခြင်းမှာ လွန်စွာခြေကုန်လက်ပန်းကျစရာကောင်းနေပြီး လစာရရှိမှုနှုန်းမှာလည်း နည်း ပါးလှကြောင်း ဒူတာတေးက ငြီးတွားပြောဆိုသွားသည်ဟုလည်း သိရသည်။

ဒီဇင်ဘာလ ၁၂ ရက်က မနီလာမြို့ရှိ သမ္မတအိမ်တော်တွင် ကျင်းပသည့် အခမ်းအနားတစ်ခု၌ ပြောကြားရာတွင် ဒူတာတေး က “နောက်ခြောက်နှစ်အထိ ကျွန်တော်ဒီနေရာမှာ ဆက်ရှိနေနိုင်မလားဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း မသိသေးပါဘူး၊ ကျွန်တော် ဒီနေရာကနေဆင်းဖို့ အဆင့်သင့်ပါပဲ၊ သမ္မတပဲဖြစ်ဖြစ် ရာထူးအာဏာပဲဖြစ်ဖြစ် ဘာကိုမှ အစွဲအလမ်းမထား တတ်ပါဘူး” ဟု ၎င်းက ပြောသွားသည်။

အလားတူ လက်ရှိ ဖိလစ်ပိုင်သမ္မတတစ်ဦး၏ လစဉ်ရရှိနေသည့် လစာနှုန်းထားဖြစ်သော ပီဆို ၁၃ဝ,ဝဝဝ (ဒေါ်လာ ၂,၆ဝဝ) မှာလည်း လွန်စွာနည်းပါးနေသည်ဟု ထင်မြင်မိကြောင်းလည်း ၎င်းက ပြောကြားထားသည်။

သို့ရာတွင်လည်း ရွေးကောက်ပွဲမဲဆွယ်ကာလက ပြည်သူများအား ပေးထားခဲ့သည့် ကတိကဝတ်အားလုံးကိုတော့ ပြည့် မြောက်အောင် ဖြည့်ဆည်းပေးသွားချင်သည်ဟု ဒူတာတေးက ပြောကြားသွားသည်။

● အနာဂါတ် ရှေ့ဆက်ရမဲ့ခရီး
သူတို့၂ယောက်စလုံး နိုင်ငံရဲ့အမြင့်ဆုံးရာထူးမှာ ရောက်ရှိနေပြီး တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လုပ်နေကြပါတယ်။

နိုင်ငံကိုပြောင်းလဲဖို့ ခေါင်းဆောင်တယောက်ကကြိုးစားတဲ့အခါ အဲဒီခေါင်းဆောင်ရဲ့ စိတ်၊ အပြော၊ အလုပ်တွေကို ပြန်ကြည့်ရ ပါတယ်။ ခေါင်းဆောင် ကြီးပြင်းလာတဲ့ ဘဝတလျှောက်မှာ ဘယ်လောက် ကိုယ်ကျင့်တရားကောင်းသလဲဆိုတာ အလွန်အ ရေးကြီးပါတယ်။ ကိုယ်ကျင့်တရားကောင်းသူများ နိုင်ငံခေါင်းဆောင်ဖြစ်လာစေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရှိရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ခပ်မိုက်မိုက် ခေါင်းမာစွာ အလုပ်များစွာလုပ်ခဲ့ပေမဲ့ သူမရဲ့ မေတ္တာသစ္စာ (ဂန္ဒီလမ်းစဉ်) က လည်း အလွန်နာမည်ကြီးပါတယ်။

ဒူတာတေးကတော့ ပြောဆိုလုပ်ကိုင်ပုံများက ခပ်ကြမ်းကြမ်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး၊ ၂ဝ၁၆ မှာ ဒူတာတေး ရွေးကောက်ပွဲနိုင်ပါတယ်။ ၂ဝ၁၇ မှာတော့ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန် စ ကားလုံးရမ်းများနဲ့ တက်လာပါတယ်။ အဲဒီ ၃ယောက်စလုံးက အသက်၇ဝ ဖြစ်ပါတယ်။

ကိုယ့်ခေါင်းဆောင်မို့ အကောင်းရေးတာမဟုတ်ပါဘူး။ သူတို့ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နည်းလမ်း မေတ္တာ၊ သစ္စာ နည်း လမ်းကို ကြိုက်နှစ်သက်လှပါတယ်။ စည်းရုံးရေးမှာ စစ်တပ်၊ ရဲအဖွဲ့၊ အစိုးရဌာနဆိုင်ရာများအပြင် မြန်မာနိုင်ငံကတော့ ဆင်း ရဲမွဲတေမှု၊ တိုင်းရင်းသားလက်နက်ကိုင်သူပုန်များစွာနဲ့ မြန်မာနိုင်ငံပါ။ ဒီ ၅ နှစ်အတွင်းမှာ စနစ်တခုကို မျိုးစေ့ချသွား၊ လုပ်ပြ၊ အကောင်ထည်ဖော် ထိန်းသိမ်းသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

● သင်ခန်းစာယူရရင်တော့
ဒေါ်အောင်ဆန်းစုကြည်၊ ဒူတာတေးနဲ့ ဒေါ်နယ်ထရန့်တို့ဟာ အသက် ၇ဝ အရွယ်မှာ အာဏာရလာတယ်။ အမျိုးသားရေးကို ဦးစားပေးသူများ သူတို့နည်းဟန်တွေနဲ့ ရှေ့ဆက်နေပါတယ်။ ခက်ခဲတာခြင်းတူညီပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။

၂ဝ၁၇ ဧပြီလ မြန်မာနှစ်သစ်ကူးပွဲမှာ အကောင်းမြင့်စိတ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့၊ မိတ်ဆွေများလည်း ကျန်း မာ ရွှင်လန်းစေဖို့ ဘုရားရှင်မေတ္တာနဲ့ပဲ ဆုတောင်းလိုက်ပါတယ်။

ဇော်အောင် (မုံရွာ)
ဧပြီ ၁၄၊ ၂ဝ၁၇

ဖိလစ်ပိုင် (ဖ-လူမျိုး) နဲ့ မြန်မာများအကြောင်း Link
https://www.facebook.com/zarni.gyi.52/posts/1831747260375426


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts