ကဗျာ

မင်းကိုနိုင် ● စက္ကူပန်းရုံလေး

 မင်းကိုနိုင် ● စက္ကူပန်းရုံလေး
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူသည်။

တကယ်တော့
စက္ကူပန်းရုံလေးဟာ
အရင်ထဲက ရှိခဲ့တာပါ
ငါတို့မှာသာ အလံတွေထူရ
စာချုပ်တွေ ချုပ်ရနဲ့
စက္ကူပန်းရုံလေးကို မမြင်နိုင်ခဲ့…။

ကြည့်သောသူ မြင်၏ ဆိုပေမယ့်
ငါတို့မကြည့်လို့ ငါတို့မမြင်
ငါတို့တချို့က
ဆိုရှယ်လစ်ဘောဂဗေဒတွေအလွတ်ကျက်ရင်း
ငါတို့တချို့က
ဓားအိမ်ချွတ် ဓားလွတ်တမြမြသွေးရင်း အချိန်ကုန်
စက္ကူပန်းရုံလေးကို မငေးနိုင်ခဲ့…။

သြော်…
အရင်လိုလှဆဲ
စက္ကူပန်းရုံလေးကို
ငါတို့ ခုထိ မမြင်နိုင်သေး..။ ။

#မင်းကိုနိုင်
[သူကြီးသားမက်သူငယ်ချင်း ကဗျာစာအုပ်မှ]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts