ကဗျာ

ဆောင်းရိပ်ငွေမှုန် ● ပေါက်ပြဲနေသောတံတား

ဆောင်းရိပ်ငွေမှုန် ● ပေါက်ပြဲနေသောတံတား

(မိုးမခ) မေ ၁၊ ၂၀၁၆

တထွှာသောဝမ်း
စောင့်ဆိုင်းနေဖို့ကို ပယ်ဖျက်ပစ်လိုက်လေပြီ …။

ချွေးပွင့်မျက်ရည်တွေကို ကြည့်လိုက်စမ်း
လမ်းမတွေပေါ်မှာ စိုစိုရွှဲလို့ ….။

မသိနားမလည်မှုနဲ့ အလုပ်မရမှာ ကြောက်ရွံ့မှုထည့်ချုပ်ထားတဲ့ စာချုပ်တွေ
ကွန်ပြူတာဖိုင်တွေထဲမှာ
စားဝတ်နေရေးကို အကျိုးမပြုခဲ့ဘူး
စိုးရွံ့ခြင်းတွေကိုသာ အကျိုးပြုနေတဲ့
အလုပ်ပြုတ်မှာ ကြောက်ရ
အလုပ်ချိန်မမှီမှာ ကြောက်ရ
လစာဖြတ်မှာ ကြောက်ရ
လူကြီးငြိုးမှာလည်း ကြောက်ရ
ရသေ့ကြီးပုံပြင်လို
ကိုယ်ဘာသာကိုယ် အလုပ်ထွက်သွားအောင်လုပ်တဲ့နည်းတွေကြောက်ရ
ကြောက်ရခြင်းတွေဟာ
လက်သည်မပေါ်ဘဲ
လုပ်ခမပေးဘဲ
နေ့စဉ်စီးဆင်းနေတဲ့သွေးတွေက
ကြောက်ရွံ့စိတ်တွေအဖြစ် ပုံစံပြောင်းသွားကြ ….။

အဖြစ်သနစ်ဟောင်းတွေကလည်း
အဖြစ်သနစ်အသစ်တွေလိုပါပဲ မထူးပါဘူး
အရင်းရှင်စနစ်/တစ်ပါတီအာဏာရှင်စနစ်/စစ်အစိုးရစနစ်
ခေတ်စနစ်တွေသာ ပြောင်းလဲသွားတယ်
တို့အလုပ်သမားတွေ ကိုယ်စားပြုဥပဒေ
စာရွက်တွေထဲမှာ အိပ်မောကျနေတုန်းပဲ …။

ဆောင်းရိပ်ငွေမှုန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts