လင်းသက်ငြိမ် – မြို့တမြို့
(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၆
လူသေကောင်တကောင်ကို
မနက်မိုးလင်းမှာတွေ့လိုက်ရတဲ့အခါ
မြို့ဟာ ရုတ်ရုတ်သဲသဲဖြစ်သွား
မြို့သူမြို့သားတွေရဲ့ စကားလုံးတွေမှာ
လူသေကောင်ဟာ ရေပန်းစားသွား
အမည်ဘယ်သူ ဘယ်နေရပ်ကလာ
အသက်ဘယ်လောက် ယောက်ျားလား မိန်းမလား
အဖေ အမေ နာမည်ဘာလဲ
ဘာဒဏ်ရာနဲ့ သေလဲ
မေးခွန်းတွေနဲ့ အလုပ်ရှုပ်ကြ
မေးခွန်းတွေနဲ့ လုံးထွေးကြ
မေးခွန်းများရဲ့နေ့ပါပဲ
သက်ဆိုင်ရာများ သက်ဆိုင်တဲ့အတိုင်း လုပ်လိုက်ကြရရဲ့
အလောင်းကောင်ဟာ မေးခွန်းအဖြစ် ပြောင်းလဲပြီး
မြို့မှာကျန်ရစ်ခဲ့…
တစ်ရက် နှစ်ရက် သုံး လေးရက်
ငါး ခြောက် ခုနှစ် ရှစ်…
နောက်တစ်မနက်မှာ
မြို့ထဲကို အလောင်းတလောင်းထပ်ရောက်လာ
သတင်းအသစ်ဟာ သတင်းအဟောင်းကိုကျော်သွား
မေးခွန်းအဟောင်းအစား
နောက်တခါထပ်ဟောင်းမယ့်
မေးခွန်းတွေ အပြိုင်းအရိုင်း ထွားကျိုင်းလာကြပေါ့။လင်းသက်ငြိမ်
မနက်မိုးလင်းမှာတွေ့လိုက်ရတဲ့အခါ
မြို့ဟာ ရုတ်ရုတ်သဲသဲဖြစ်သွား
မြို့သူမြို့သားတွေရဲ့ စကားလုံးတွေမှာ
လူသေကောင်ဟာ ရေပန်းစားသွား
အမည်ဘယ်သူ ဘယ်နေရပ်ကလာ
အသက်ဘယ်လောက် ယောက်ျားလား မိန်းမလား
အဖေ အမေ နာမည်ဘာလဲ
ဘာဒဏ်ရာနဲ့ သေလဲ
မေးခွန်းတွေနဲ့ အလုပ်ရှုပ်ကြ
မေးခွန်းတွေနဲ့ လုံးထွေးကြ
မေးခွန်းများရဲ့နေ့ပါပဲ
သက်ဆိုင်ရာများ သက်ဆိုင်တဲ့အတိုင်း လုပ်လိုက်ကြရရဲ့
အလောင်းကောင်ဟာ မေးခွန်းအဖြစ် ပြောင်းလဲပြီး
မြို့မှာကျန်ရစ်ခဲ့…
တစ်ရက် နှစ်ရက် သုံး လေးရက်
ငါး ခြောက် ခုနှစ် ရှစ်…
နောက်တစ်မနက်မှာ
မြို့ထဲကို အလောင်းတလောင်းထပ်ရောက်လာ
သတင်းအသစ်ဟာ သတင်းအဟောင်းကိုကျော်သွား
မေးခွန်းအဟောင်းအစား
နောက်တခါထပ်ဟောင်းမယ့်
မေးခွန်းတွေ အပြိုင်းအရိုင်း ထွားကျိုင်းလာကြပေါ့။လင်းသက်ငြိမ်