ကဗျာ

ဇာနည်သွေး (ပလိပ်) – စီးချင်းထိုးပွဲ

 ဇာနည်သွေး (ပလိပ်) – စီးချင်းထိုးပွဲ
(မိုးမခ) မတ် ၉၊ ၂၀၁၆

အမှန်တရားရဲ့ ရန်သူဟာ
အဓမ္မဝါဒကြီး ဝှေ့ရမ်းပြီး
နှလုံးသားအတုကြီးနဲ့
ငါတို့အိမ်ဦးခန်းမှာ ရွံစရာ

အဲဒီဒေါသနဲ့ပဲ
အားလုံးရဲ့ တက်ခေါက်သံကို
ရင်ဘတ်နဲ့ လွှင့်ထူလိုက်တယ်
ကဗျာဆိုတဲ့ ခေါငးစည်းနဲ့ပေါ့

ပြီးရင် ပစ်မယ်

ခင်ဗျားတို့ အာဏာထဲက
အလွဲသုံးစား ကျည်တောင့်တွေနဲ့
ကျုပ် နှလုံးသားထဲက
ရင်တွင်းဖြစ် အက္ခရာတွေနဲ့

တိုက်ပွဲရဲ့ အနိုင်အရှုံးကို
သမိုင်းက ဆုံးဖြတ်ပေးလိမ့်
ဒါ
ရင်ခုန်သံအစစ်တွေရဲ့ အဆိုအမိန့်ပဲ….။

ဇာနည်သွေး (ပလိပ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts