စာစုတို

ဥာဏ်ဥာဏ် – ငါးကင်ထဲက ငါးရိုးနဲ့ ပြန့်လွင့်သွားတဲ့အတွေးစ

 
ဥာဏ်ဥာဏ် – ငါးကင်ထဲက ငါးရိုးနဲ့ ပြန့်လွင့်သွားတဲ့အတွေးစ
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဒီဇင်ဘာ ၇၊ ၂၀၁၅
 
ဒီနေ့ ပဏ္ဍိတ်နဲ့ တဉ္စာတို့ မင်္ဂလာဆောင်ကအပြန်၊ ဇောက်ထိုးနဲ့ ၀ိုင်းတို့ကားနဲ့ တက္ကသိုလ်ရိပ်သာလမ်းထိ လိုက်လာခဲပြီး၊ လှည်းတန်းက ငါးကင်တစ်ကောင်ဝယ်ပြီးပြန်လာ။ တစ်ယောက်တည်း စားရင်း ၊ သတိရစရာတွေက အလိုလို ပေါ်လာခဲ့တယ်
 
တက္ကသိုလ်ရိပ်သာလမ်းပေါ် လျှောက်ခဲ့ရလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ထူးခြားတာက ဒီနေ့ဝယ်စားမိတဲ့ငါးကင်က ဗိုက်ထဲအစာသွတ်ထားတာ ဂေါ်ဖီတွေဖြစ်နေတာ။ ခါတိုင်း နေရာအတော်များများမှာ စားဖူးတဲ့ငါးကင်တွေရဲ့ ဗိုက်ထဲမှာက တခြားအရွက်(အမည်မခေါ်တတ်တွေ၊ အရိုးတွေဖယ်စားရင်း သတိက ရသွားပြန်ရော။
 
ထောင်ရဲ့ နေ့ရက်တွေ …
အချုပ် (ထောင်မကျခင်နေ့တွေမှာ 
တပတ်တစ်ခါ အသားစား (၀က်မစားရင် ငါးကျွေးနေ့ဆို ငတ်တဲ့နေ့ပဲ။ အဲတုန်းက ငါးမစား၊ ၀က်မစားလေ။ ခုတော့ ငါးစားတာ ကျင့်သားနဲနဲရနေပြီ။ ပြောချင်တာက… ငါးအရိုးတွေကို သေချာဖယ်ထား (သိမ်းထားမိနေတာ။
 
ထောင်ထဲမှာတုန်းက (ထောင်ပါး နည်းနည်းဝလာချိန်) နေသား ရလာတော့၊ ရတဲ့ငါးကိုယူ၊ သိမ်းထား၊ နောက်နေ့ ပဲဟင်းရတော့ (အစောပိုင်းက ကုလားပဲကို ပြုတ်ထားတာ ကျွေးသေးတယ်)၊  ပဲကို အရည်စစ် ထညက်နဲ့ရောကြိတ်ပြီး ပဲထညက် စားရတာလည်း အရသာရှိပေါ့။ တစ်နေ့တော့ မုန့်ဟင်းခါး ခိုးချက်စားဖို့ အကြံရတာနဲ့ ပလပ်စတစ်နဲ့အ၀တ်စကို မီးမွှေး၊ ပုံစံဒန်ပန်းကန်ပြားကို ထုထားတဲ့ဒယ်အိုးဖင်ကို ရွှံ့သုတ်၊ ငါးကိုထောင်ကပေးတဲ့ ငပိနဲ့ပြုတ်။ အသားထွင်၊ အိမ်ကပို့ပေးတဲ့ ငြုတ်သီးကြော်ကို ထောင်ထဲမှာပေါက်နေတဲ့ စပါးလင်နဲ့ရောထောင်း။ (ပလပ်စတစ်အိပ်ထဲ ထည့်ပြီးထုတာ)။ ပြီး ပြုတ်ထားတဲ့ငါးနဲ့ ဆီသတ်ပြီး မုန့်ဟင်းခါးချက်စားတာ သတိရမိပြန်ရော။ အမှု့တွဲ 10D အညာသား မျိုးမြင့်လာကြည့်ရင်း အိုးကြီးချက်စတိုင်ကွ လို့ ပြောတာတောင် ပြန်ကြားမိသေး
 
ခု … ငါးကင်စားရင်းနဲ့ ဖယ်ထားတဲ့အရိုးတွေကို ရေဆေးမလို့ လုပ်မိပြန်ရော။ 
 
ဘုရား… ဘုရားရေ… သွားကြားထိုးတံတွေ တွေ့မှ လက်ရှိအချိန်နဲ့ နေရာကို ပြန်ရောက်သွားတယ်
 
အင်းလေ … “သွားကြားထိုးတံတွေ” ရှိနေပြီပဲဟာ …
 
အဲဒီတုန်းကတော့၊ ငါးအရိုးလေးတွေေ ရစင်အောင်ဆေး၊ အခြောက်ခံထား၊  ပြီးတော့ သွားကြားထိုးခဲ့တာလေ

 

 
၁၀ ဒီဇင်ဘာ ရောက်ခါနီးပေါ့

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts