ကဗျာ

ခင်အောင်အေး – သေမင်းနဲ့ အချိန်းအချက်

ခင်အောင်အေး – သေမင်းနဲ့ အချိန်းအချက်
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၅

သိပ်နာကျင်ရတဲ့အခါ
နာကျင်မှုရဲ့တဖက်စွန်းက
နာကျင်မှုကို မသိတော့ခြင်း
ကမ်းပါးချောက်ထဲ
ကျရောက်တတ်စမြဲ တဲ့

ဝေဒနာကို
မသိတော့ခြင်းဟာ
အပေါင်းလက္ခဏာလား

ဝေဒနာကို
မသိတော့ခြင်းဟာ
အနှုတ်လက္ခဏာလား

နာကျင်မှုနဲ့ သမိုင်းကိုရေးကြမယ်
ဝေဒနာထုထည်ရဲ့အတိမ်အနက်က
ငါတို့ရဲ့ နာကျည်းမှုအထူအပါး သက္ကရာဇ်များ

ထောင်ထားတဲ့မြှုံးထဲကို တိုးဝင်ခဲ့တဲ့ ငါးများနှယ်
မပြောရက်တဲ့စကားလုံးများနဲ့ လေးမြတ်ခဲ့ပါတယ်

သွေးအလိမ်းလိမ်းနဲ့ ရေးချယ်ခဲ့ရတဲ့ နိုင်ငံတော်အတွက်
မချိတင်ကဲ ထပ်မံပေးဆပ်နေရတဲ့ ကျောင်းသားများရဲ့
အနာဂတ်နိုင်ငံတော် ။ ။

ခင်အောင်အေး
နိုဝင်ဘာ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts