Yan Naung (Bo Ta Htaung) သတင်းပဒေသာ

STAY A WHILE စားသောက်ဆိုင်သစ် ဖွင့်လှစ်



STAY A WHILE  စားသောက်ဆိုင်သစ် ဖွင့်လှစ်

(ရန်နောင်(ဗိုလ်တထောင်) မိုးမခ၊ နိုဝင်ဘာ ၁၂၊ ၂၀၁၅
 
  ပြည်တွင်းပြည်ပ မှ အစားအသောက် ကောင်းကောင်း ကို အေးဆေးစွာ နားနားနေနေ စားချင်သူများအတွက် ရန်ကုန်မြို့ ပါရမီလမ်း ပေါ်တွင် STAY A WHILE စားသောက်ဆိုင်သစ်ကို နိုဝင်ဘာလ (၁၁) ရက်နေ့က စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
 
အဆိုပါဆိုင်တွင် ထူးခြားဟင်းလျာ အဖြစ် ကြက်သားမာလာဟင်း၊ ငါးမာလာဟင်း၊ ပင်လယ်စာမာလာဟင်း တို့ကို ဆိုင်ပိုင်ရှင် ဖြစ်သူ ဒေါ်တင်တင်မျိုး ကိုယ်တိုင် တရုတ်ပြည်မကြီးတွင် သွားရောက်ကာ သင်ယူပြီး ကိုယ်တိုင်ချက်ပြုတ်သောဟင်းကို စားသုံးသူတို့ စိတ်တိုင်းကျစွာ သုံးဆောင်နိုင်မည်ဖြစ်သည်။
 
ထို ဆိုင်တွင် ဥရောပ အစားအစားများ၊ တရုတ်အစားအစားများ ကို  နံနက် (၁၀) နာရီမှ ည (၁၁) နာရီ အထိ အဖျော်ယမကာနှင့် တွဲဖက်၍ သုံးဆောင်နိုင်မည်ဖြစ်သည်။ သောကြာ၊စနေ၊တနင်္ဂနွေညများတွင် ညစာ သုံးဆောင်ရင်း Unplugged Music ဖြင့် ဖျော်ဖြေမည်ဖြစ်သည်။
 
နောက်မကြာသောအချိန်ကာလတွင်လည်း နံနက် (၆)နာရီ မှ (၁၀) နာရီ အထိ တရုတ်စာ၊ မြန်မာစာ ၊ဥရောပ စာ နံနက်စာများကိုလည်း တိုးချဲ့ရောင်းချသွားမည်ဖြစ်ကြောင်း ဆိုင်မန်နေဂျာ ဖြစ်သူ ကိုတင့်နိုင်ဝင်းမှ  ထပ်မံပြောကြားခဲ့သည်။
 
ဆိုင်အတွင်း သီးသန့် ခန်းများလည်းရှိပြီး ရေကူးကန် နှင့် အားကစားခန်းမ များကိုလည်း လာရောက်သုံးဆောင်သူများ အသုံးပြုနိုင်မည်ဖြစ်သည်။
 
ဆိုင်ကို ရန်ကုန်မြို့ အမှတ်(၁၅ ) ၊ ပါရမီလမ်း ၊ (၆) ရပ်ကွက်၊ လှိုင်ကောလိပ်အနီး၊ မရမ်းကုန်း မြိ့နယ်၊တွင်  နံနက် (၁၁) နာရီ မှ ည (၁၁) နာရီ အထိ ဖွင့်လှစ်ထားပြီ ဖြစ်သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts