ဓာတ်ပုံသတင်း

ရွေးကောက်ပွဲအတွက် မဇ္ဈိမစကားဝိုင်း ကျင်းပ (သွန်းခ)

 

ရွေးကောက်ပွဲအတွက် မဇ္ဈိမစကားဝိုင်း ကျင်းပ (သွန်းခ)
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၅
 
        မဇ္ဈိမမီဒီယာ မှ ကျင်းပပြုလုပ်သည့် မဇ္ဈိမ စကားဝိုင်းအစီအစဉ်အား ရန်ကုန်မြို့၊ အနော်ရထာလမ်းပေါ်   ရှိ Orchid Hotel တွင် အောက်တိုဘာ ၁၁၊ ၂ဝ၁၅ ညနေ ၃ နာရီမှ ၅း၎ဝ အထိကျင်းပပြုလုပ်ခဲ့ပါသည်။ 
 
စကားဝိုင်းတွင် မဇ္ဈိမမီဒီယာ မှဒါရိုက်တာဒေါ်သင်းသင်းအောင်မှ အခမ်းအနားမှုး အဖြစ်ဆောင်ရွက်ခဲ့သည်။
 
 
 
 နိုင်ငံရေးပါတီကြီး ၄ ခု ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဥာဏ်ဝင်း၊ 
 
 
ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဦးသုဝေ၊ 
 
 
ဖယ်ဒရယ်ပြည်ထောင်စုပါတီမှ စောသန်းမြင့်၊
 
 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးအောင်မိုးဇော်တို့မှ
မိမိတို့ပါတီများ၏မူဝါဒ ၊ကြေငြာချက်သဘောထားများကို ပါတီတစ်ခုလျှင် ၁၅ မိနစ်စီ အကျဉ်းချုပ်ပြောကြားခဲ့ကြသည်။
 

 

 

 

 

    ဆက်လက်၍နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ၊နိုင်ငံရေးအကျဉ်းသားရေးရာကော်မတီ အတွင်းရေးမှုး ဦးထွန်းကြည် ၊နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲနိုင်အောင်၊ ကယန်းအမျိုးသမီးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက ၄င်းတို့သိရှိလိုကြသည့် ရွေးကောက်ပွဲလွန်ကာလများတွင် အနိုင်ရပြီး အစိုးရဖွဲ့နိုင်ပါ ဆောင်ရွက်နိုင်မည့်အခြေအနေများ မေးမြန်းခဲ့ကြသည်။

 

 

 

  အမျိုးသားပညာရေးဥပဒေပြုပြင်ပြောင်းလဲရေး၊ တိုင်းရင်းသားအပစ်အခတ်ရပ်စဲရေး ၊နိုင်ငံရေးအကျဉ်းသားများအရေးဖော်ဆောင်မည့်အစီအစဉ်၊ အမျိုးသမီးအခွင့်အရေး ရွေးကောက်ပွဲအပေါ်ပြည်သူလူထု၏ စိတ်ဝင်စားမှု အခြေအနေတို့နှင့်ပတ်သက်ပြီး မေးမြန်း ဆွေးနွေးသမျှတို့အား နိုင်ငံရေးပါတီ ၄ ခုမှ ပုဂ္ဂိုလ်များက ၄င်းတို့၏အတွေ့အကြုံများ၊ ပါတီတစ်ခုစီ၏မူဝါဒ၊ သဘောထားများနှင့်နှိုင်းယှ ဆွေးနွေးသွားခဲ့ကြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts