(မိုးမခ) မတ်လ ၁၆၊ ၂၀၁၅
ချစ်သူထင်သလို အနုပညာဟာ
စာရိတ္တ ကျင့်ဝတ်တို့ရဲ့ ကောင်းမြတ်ခြင်း စံတန်ဖိုးတွေ
ရည်ညွှန်း ဆောင်ကြဉ်းလေသလား ကိုယ့်အဖို့ရာ မသေချာ….။
ကျွမ်းကျင်ရာ လိမ္မာသွားကြတဲ့ အာရုံ ခံစားနိုင်စွမ်းတွေနဲ့
သုခုမဆိုတာ အနုသယကိလေသာ။
ဂန္တဝင် ဂီတ နားထောင်တဲ့ စစ်ရာဇ၀တ်ကောင်တွေ၊
ကျွန်ကုန်ကူး၊ လက်နက်ရောင်း၊ ဖက်ဆစ်ထောက်ခံတဲ့ ကဗျာဆရာတွေ၊
ဆစ်ဖလစ်ပိုး ဦးနှောက်ထဲ ရောက်တဲ့ ဘုရားဒကာတွေနဲ့
လောကဟာ ပုံလို့ ယုံချင်စဖွယ် မရှိပါ။
ကလေးတွေ ခွေးကြောင်တွေကို ချစ်မပြချင်…၊
ဘုရားကျယ်ကျယ် မရှိခိုးချင်…၊
နိုင်ငံရေးစကား မပြောချင်…၊
ခင်မောင်တိုးကိုလည်း လွမ်းမပြချင်တော့ဘူး။
စပွန်ဆာခံမယ့် အဖြူတွေရှိရင်တော့
ရိုးရာဝတ်စုံဆင်မြန်းပြီး အမျိုးချစ် ချင်ပါတယ်။
မေတ္တာစစ် မေတ္တာမှန်ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းခြင်း ဓာတ်ခွဲခန်းထဲ
မေထုန်မဲ့ ထုတ်ယူချင်ပါတယ်။
ရသပညာနဲ့ ယဉ်ကျေးပြသူတွေရဲ့ ရပ်ရွာအပေါ် မနှစ်လိုတော့ပါ။
အားနည်းသူ ငြိမ်ဝပ်ရပြီး သာတဲ့အခါ နိုင်မယ်ထင်တဲ့ အခါများကျ
ဟောက်စားလုပ်ကြတာပဲ မဟုတ်လား၊
ဆရာမွေးတပည့်မွေးပဲ၊
အမြီကျက်အမြီးစား ခေါင်းကျက်ခေါင်းစားပဲ။
ထွေပြားအပါးဝတတ်တဲ့ စိတ်ကူးစိတ်သန်းတွေကို အလေးမမူ၊
ရွှေကျင် မိုင်းခွဲ ကြိမ်ခုတ် လွှတိုက်နောက် လိုက်ရတာ ပိုရိုးသားမယ်၊
ကာယသက်သက်ပဲ၊ ရုပ်ချည်းရှိတဲ့ ဗြဟ္မာလိုပေါ့။
မိုးမခ တွင် တင်ဆက်ထားသည့် လင်းအေးထင် (လင်းထင်) ၏ ကဗျာ၊ စာဟောင်းများ ပြန်ဖတ်လိုပါက …
၀၁) အပ္ပမာဒေန သမ္မာဒေထ
http://gita.cc/archives/41882
http://moemaka.blogspot.com.au/2015/01/blog-post_201.html
၀၂) အော့ဖ်လိုင်း
http://moemaka.com/archives/41769
http://www.moemaka.blogspot.com.au/2015/01/blog-post_36.html
၀၃) မဒမ်တူးဆိုး ဖယောင်းရုပ်
http://moemaka.com/archives/41676
http://www.moemaka.blogspot.com.au/2015/01/blog-post_53.html
၀၄) ဥသြဆွဲ တေးချင်း
http://moemaka.com/archives/41280
http://www.moemaka.blogspot.com.au/2014/12/blog-post_20.html
၀၅) မန္တလေးကို ရောက်ခဲ့တယ်
http://moemaka.com/archives/41135
http://moemaka.blogspot.com.au/2014/12/blog-post_52.html
၀၆) ဘုရားပေါ်မှာ
http://moemaka.com/archives/41118
http://www.moemaka.blogspot.com.au/2014/12/blog-post_22.html
၀၇) လွန်ခဲ့တဲ့ (၁၅) နှစ်
http://moemaka.com/archives/41080
http://www.moemaka.blogspot.com.au/2014/12/blog-post_43.html
၀၈) ကျောင်းသားမုန်းရောဂါရှင် ဘယ်သူက ပရောက်ဇီလဲ
http://gita.cc/?p=42282
http://www.moemaka.blogspot.com.au/2015/02/blog-post_23.html
၀၉) ငရဲလမ်းလိုက်မှ ဘာ မျှော်လင့်ရဦးမလဲ
http://moemaka.com/archives/40853
http://www.moemaka.blogspot.com.au/2014/11/blog-post_212.html
၁၀) မီးဗုံး အပစ် ခံရတဲ့ ဆင်ခြင်တုံ တရား
http://moemaka.com/archives/41023
http://www.moemaka.blogspot.com.au/2014/11/blog-post_761.html
၁၁) ဘာလဲဟဲ့ ရင်ကြားစေ့ရေး
http://moemaka.com/archives/40675
http://www.moemaka.blogspot.com.au/2014/11/blog-post_14.html
၁၂) အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော
http://moemaka.com/archives/39648
http://moemaka.blogspot.com.au/2014/09/blog-post_42.html
၁၃) ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်
http://www.moemaka.blogspot.com.au/2013/07/linn-htin-religion-and-community-to-be.html
၁၄) ဂိုဂင်နီ
http://moemaka.blogspot.com.au/2013/08/linn-htin-essay.html