ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – အချစ်ဆိုတာ ဘာလဲ

ကျော်ဟုန်း – အချစ်ဆိုတာ ဘာလဲ
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၄

လိင်ကွဲမှာပဲ ဖြစ်ဖြစ်၊

လိင်တူမှာပဲ ဖြစ်ဖြစ်၊

မောင်ရေး နှမရာမှာပဲ ဖြစ်ဖြစ်၊

မိရေး ဖရာမှာပဲ ဖြစ်ဖြစ်၊

တိုင်းရေး ပြည်ရာမှာပဲ ဖြစ်ဖြစ်၊

အချစ်ဆိုတာ ဘာလဲ …။
အချစ်ဆိုတာ ဘာလဲ …။

မင်း ဦးနှောက်က လာတဲ့အချစ်ဆို သင်္ချာ၊

မင်း နှုတ်ဖျားက လာတဲ့အချစ်ဆို လိမ်ညာ၊

မင်း အသည်းနှလုံးက လာတဲ့အချစ်ဆို အချစ်ပါ။
အချစ်ဆိုတာ ဘာလဲ …။

သင်္ချာမှာတော့ အချစ်ဆိုတာ ပု စ္ဆာ၊

သမိုင်းမှာတော့ အချစ်ဆိုတာ တိုက်ပွဲ၊

သိပ္ပံမှာတော့ အချစ်ဆိုတာ အပြန်အလှန်ဓာတ်ပြုမှု။
လောက ကမ္ဘာက အချစ် ၅ မျိုးထဲ

ဦးနှောက်၊ နှုတ်ဖျား၊ အသည်းနှလုံး

လာရပ်လွဲရင် အချစ်မျိုးကွဲမယ် မှတ်။
ဘာကြောင့်လဲ မမေးနဲ့ ၊

အသည်းနှလုံးထဲက အချစ်

ဘယ် သိပ္ပံပညာရှင်ကမှ

ဒီနေ့ အထိ အတုမလုပ်နိုင်သေး

ကာယကံရှင် ကိုယ်တိုင် ထုတ်လုပ်သည်။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts