သတင်းပဒေသာ

၂၀၁၄ မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ဟု ကော်မရှင်က ထုတ်ပြန်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

၂၀၁၄ မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ဟု ကော်မရှင်က ထုတ်ပြန်
မိုးမခသတင်းကောက်နုတ်ချက်၊ စက်တင်ဘာ ၈၊ ၂၀၁၄
အစိုးရသတင်းများက ထုတ်ပြန်ရာတွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် အခြေအနေအရပ်ရပ်အရ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပရန် ဆုံးဖြတ်ထားကြောင်း  ပြောဆိုလိုက်သည် ဟူ၍ဖြစ်၏။
 ကော်မရှင်သည် သမ္မတက ဖွဲ့စည်းပြီး လွှတ်တော်က အတည်ပြုထားသည်ဟု ဆိုသော်လည်း ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့ကြောင်း ဆုံးဖြတ်ချက်ကိုမူ သမ္မတနှင့် လွှတ်တော်သို့ အခြေခံဥပဒေ လုပ်ထုံးနှင့်အညီ တင်ပြပြီးခြင်း၊ အတည်ပြုချက်ရယူခြင်း၊ သတင်းထုတ်ပြန်ခြင်းများ မဆောင်ရွက်ခဲ့ချေ။
အစိုးရသတင်းများ၏ ထုတ်ပြန်ချက်မှာ …  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပြီးနောက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်မှု အခြေအနေများအား သုံးသပ်တင်ပြခဲ့ကြကြောင်း၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှု အခြေအနေနှင့် မဲစာရင်းကောက်ယူမှု ရှေ့ပြေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြကြောင်း၊ ၎င်းနောက်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက …  ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် မရှိတော့ဟု ပြောကြားလိုက်ကြောင်း၊ မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသားထားသည်။

 

စက်တင်ဘာ ၇၊ နံနက်ပိုင်းတွင်ရန်ကုန်မြို အမှတ် (၁၀) ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်း ရေးပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) ၌ ရန်ကုန်တိုင်းဒေသကြီးရှိ နိုင်ငံရေးပါတီင်္များမှ ကိုယ်စားလှယ် များနှင့် တွေ့ဆုံခဲ့ပြီးနောက်၊  အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်အဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး နှင့်အတူ ကော်မရှင်အဖွဲ့ဝင်ဦးဝင်းကြည်နှင့် ဦးဝင်းကို ၊ကော်မရှင် အတွင်းရေးမှုး ဦးတင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်အခြေစိုက်နိုင်ငံရေး ပါတီိ(၃၅) ပါတီတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts