Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) – ကိုရီယားနိုင်ငံရောက် မြန်မာများ ရန်ကုန်စိတ်ဆေးရုံကြီးတွင် တနပ်စာ အာဟာရဒါနလှူဒါန်း

ရန်နောင်(ဗိုလ်တထောင်) – ကိုရီယားနိုင်ငံရောက် မြန်မာများ ရန်ကုန်စိတ်ဆေးရုံကြီးတွင် တနပ်စာ အာဟာရဒါနလှူဒါန်း
စက်တင်ဘာ ၃၊ ၂၀၁၄

ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့ တွင် လုပ်ကိုင်လျက်ရှိသော မြန်မာလူမျိုးများ၏ ပရဟိတ အလှူကို  အလျဉ်းသင့်သလို လစဉ်လအလိုက် လှူဒါန်းသမှု ပြုခဲ့ရာ ယခုအကြိမ်တွင် ရန်ကုန်မြို့ ရွာသာကြီးရှိ စိတ်ကျန်းမာရေးဆေးရုံကြီးတွင် နေ့လည်စာ ဒန်ပေါက် နှင့် ၊မုန့်များ၊ ရေသန့်များ လှူဒါန်းခြင်းကို သြဂုတ်လ (၂၉)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ကိုရီးယား ရောက်ရွှေမြန်မာများသည် နေရာအနှံ့အပြားတွင်ရှိသော်လည်း ယခု လှူဒါန်းသော အဖွဲ့သည် ဂွမ်ဂျူးမြို့ တွင်လုပ်ကိုင်လျက်ရှိသော ရွှေမြန်မာများ က အကြွေစုဗူးများဖြင့် လည်းကောင်း၊ဈေးဆိုင်များတွင် အလှူခံပုံးများထားခြင်းဖြင့် လည်းကောင်း အလှူခံကာ လိုအပ်သည့်နေရာများသို့ လှူဒါန်းခြင်းဖြစ်သည်။

အလှူရှင်များကို ဦးဆောင်သူ ဦးအောင်ဆွေ မှ လှူဒါန်းမှုနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောပြရှင်းလင်းခဲ့ပါသည်။ကျနော်တို့ ကိုရီးယားမှာ အလုပ်လုပ်နေကတည်းက ဒီ ဂွမ်းဂျိုး ကိုရီးယားမြန်မာ လူမှုရေးအသင်းကို တည်ထောင်ပြီး လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းပေးခဲ့တာပါ။ ဒီတခေါက်လည်း စိတ်ကျန်းမာရေး ဆေးရုံကြီးမှာ လှူဒါန်းဖို့ ဆုံးဖြတ်ပြီး အကြွေစုဗူးများထဲမှ လှူဒါန်းငွေ စုစုပေါင်း ၁၈၃၈၆၂၀ ဝမ်(မြန်မာငွေ ၁၉သိန်းလေးသောင်း) ကို ဒန်ပေါက် နဲ့ ရေသန့်ဗူး တွေ လာလှူတာပါ ဟု ပြောပြခဲ့သည်။

ကျမတို့ ဒီမှာ က သူနာပြုဆရာမတွေက နေ့ကလေးထိန်းကျောင်းလိုပါပဲ၊ဒီ့ထက်တောင် ဆိုးမယ်ထင်တယ်။ သူတို့က သေးပေါက်ချင်တဲ့ နေရာပေါက်၊ချီးပါချင်တဲ့ နေရာပါ နဲ့ ဆိုတော့ အဆောင်တွေကို တနေ့သုံးခါလောက် သန့်ရှင်းရေးလုပ်ပေးရပါတယ်။ဒါတောင် အနံ့ကတော့ မြင်ရတဲ့အတိုင်းပဲလေ။ကျမတို့လည်း မိန်းကလေး တန်မဲ့နဲ့ သူတို့ကိုရေချိုးပေး၊ချေးတွန်းပေး လုပ်ပေးရပါတယ်။ဒီမှာက လူပေါင်းစုံပါပဲ။ စည်ပင်က လာပို့တဲ့သူ၊ အရပ်က လာပို့တဲ့သူနဲ့ စုံနေတာပဲလေ။ တချို့ ဆို အိမ်ပြန်စရာမရှိလို့ ၊အိမ်မသိလို့ စတဲ့ လူနာတွေကရှီသေးတယ်လေ။ ဒီလို အလှူရှင်တွေကို ပြောပြရတာက ကျမတို့ သူတို့ကိုပစ်စလက်ခတ် မထားပါဘူး၊ဆံပင်ညှပ်ပေး၊လက်သည်းညှပ်ပေး၊ အင်္ကျီလျှော်ပေး လုပ်ပေးပါတယ်။ ချမ်းတဲ့အချိန်မှာလည်းစောင်၊အနွေးထည် တို့ကိုလည်းပေးရပါသေးတယ်။ အခုတော့ အလှူရှင် တစ်ဦးက အဝတ်လျှော်စက်လှူထားလို့ အဆင်တော်တော်ပြေပါတယ် ဟု တာဝန်ကျ သူနာပြုဆရာမကြီးမှ လည်း ရှင်းလင်းပြောပြခဲ့ပါသည်။

စိတ်ကျန်းမာရေးဆေးရုံကြီး တွင် လူနာပေါင်း ၁၅၀၀ နီးပါးခန့် ရှိပြီး ကျန်းမာရေးကော်မတီအစည်းအဝေး(၁/၁၂) ဆုံးဖြတ်ချက်အရ ပျှမ်းမျှလူနာ(၁၀၀၀) အတွက် တစ်နေကတာ လှူဒါန်းငွေများကို အောက်ပါအတိုင်းလှူဒါန်းနိုင်ပါသည်။

နံနက်စာ   ၁။ပုံမှန်နံနက်စာ           ၄၀၀၀၀ိ/-

၂။အထူးနံနက်စာ          ၅၀၀၀၀ိ/-

နေ့လည်စာ/ညနေစာ(ဟင်းလျာတနပ်စာ)

၁။အသားဟင်း(ကြက်၊ဝက်၊အမဲ)         ၃၅၀၀၀၀ိ/-

၂။အသားရောဟင်း(အသား၊အာလူး(သို့)အခြား) ၃၀၀၀၀၀ိ/-

၃။ငါးဟင်း၊ငါးခြောက်ဟင်း၊ ဘဲဥဟင်း        ၂၅၀၀၀၀ိ/-

၎။ပုံမှန်ဟင်းလျာ                                 ၂၀၀၀၀၀ိ/-

ဆန်အိတ်လှူဒါန်းခြင်း

၁။နံနက်စာ ဆန်ပြုတ်                          ဆန်(၁) အိတ်

၂။နေ့လည်စာ၊ညနေစာ (တစ်နပ်)           ဆန်(၄) အိတ်

ဆန်တအိတ်လျှင် ကျသင့်ငွေ  ၁၅၀၀၀ိ/-

အထူးလှူဒါန်းခြင်း

၁။လူနာတစ်ဦးတစ်နေ့တာအာဟာရ         ၅၀၀ိ/-

၂။လူနာတစ်ဦးတစ်နေ့တာ ဆေးဝါး          ၅၀၀ိ/-

နေ့စဉ် နံနက် (၉း၃၀ ) နာရီမှ ညနေ (၄း၃၀ )နာရီအတွင်း ဖော်ပြပါ ဖုန်းနံပါတ်များအား ဆက်သါယ်လှူဒါန်းနိုင်ပါသည်။ ၀၉- ၇၃၁၄၁၄၀၊၀၉- ၄၃၂၀၂၃၆၆၊၅၈၅၁၁၅၊၅၈၅၁၁၆၊ ၅၈၅၁၉၇ သို့ ဆက်သွယ်ကာ လှူဒါန်းနိုင်ပါသည်။ မိမိတို့ အစီအစဉ်ဖြင့်လည်း ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းနိုင်ကြောင်းလည်း ထပ်မံသိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts