ကဗျာ

မောင်စိုးချိန် – အဟုန်ကြွ သူပုန်ထ

မောင်စိုးချိန် – အဟုန်ကြွ သူပုန်ထ
သြဂုတ် ၂၀၊ ၂၀၁၄

 

ရေအသက်
တမနက်
ထမင်းအသက်
ခွန်နှစ်ရက်
မြေအသက်
လူ့တသက်။

မြေသိမ်းပိုက်
လှိုက် နာကျည်း
မျက်ရည်
မြေတွက် ရှိုက်သံ
ဒဏ်ရာ ဒဏ်ချက်
ထိုးနှက်
လယ်ကွက် အလိုက်
တိုက်ပွဲ
တရဲရဲလွှင့်
မီးပွင့် မီးတောက်
အံကြိတ် တက်ခေါက်
ထတောက်။

မျက်ရည်စက်
လက်နက်ဖြစ်သွား
ဒါး…….
အင်အား။

ဒေသ
မြောက်က တောင်ဖျား
လယ်သမား
သေနတ် အာဏာအောက်
ကျရောက်
မြေကျွန်သဘောက်
မျက်ရည်ပေါက်
ချောင်းဖောက်လျှံကျ
သူပုန်ထ။

လူ
သမိုင်းရေးသူ
ရပိုင်ခွင့်
ရသင့်သမျှ
ရဖို့ တိုက်ယူ
အလံထူ
လူ ရဲ့ ခေတ်။

မြေကျွန်
စစ်ကျွန် သူပုန်ထ
လယ်သမား
ချိတ်ဆက်ထား
မီးပွား သိန်းသန်း
လျှမ်းလျှမ်းထ
ထကြွသူပုန်
အဟုန်ပြင်းမှ
အောင်ပွဲရ။     ။

မောင်စိုးချိန်
သြဂုတ် ၁၂၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts