ကဗျာ

ဆွေကို(နိုင်/ကျဉ်း) – ဘဝတခုရဲ့ အင်နားရှား

ဆွေကို(နိုင်/ကျဉ်း) – ဘဝတခုရဲ့ အင်နားရှား

ဇူလိုင် ၂၂၊ ၂၀၁၄

နှစ်ပေါင်းများစွာ….

ရွေ့လျားမြဲ ရွေ့လျာနေတဲ့ဘဝ

ရုတ်ကနဲ ရပ်တံ့ခဲ့လို့

ရှေ့ကိုဟပ်ထိုး လဲခဲ့ဖူးတယ်။

နှစ်ပေါင်းများစွာ…

ရပ်တံ့မြဲ ရပ်တံ့နေတဲ့ဘဝ

ရုတ်ကနဲရွေ့လျားသွားလို့

နောက်ပြန်ပက်လက် ကျခဲ့ဖူးတယ်။

မှောက်ချီ တခါ

လှန်ချီ တလှည့်

အကွဲ တမျိုး

အပြဲ တမျိုး

ဘယ်သူ အလဲထိုးအုံးမလဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts