မိန့်ခွန်း

မျိုးဆက်သစ်မီဒီယာသမားတို့ သူများမေးနေစဉ် အသံဖမ်းစက်ထိုးကြသည့်အပေါ် သဘောထားပြော

 

မျိုးဆက်သစ်မီဒီယာသမားတို့ သူများမေးနေစဉ် အသံဖမ်းစက်ထိုးကြသည့်အပေါ် သဘောထားပြော
မိုးမခ စာကိုးစကားကိုး၊ မေ ၂၉၊ ၂၀၁၄

ရွှေအမြုတေမဂ္ဂဇင်းနှင့် အလင်းတန်းဂျာနယ်အယ်ဒီတာချုပ် ဆရာဦးဝင်းငြိမ်းက ပိတောက်ရနံ့ စာပေတိုက်မှ စာအုပ်ထုတ်ဝေခြင်းနှင့်ပတ်သက်၍ ဂုဏ်ပြုပွဲတွင် အမှတ်တရ စကားပြောကြားသည့်အထဲမှ ပြောကြားချက်တချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မျိုးဆက်သစ် မီဒီယာလူငယ်များ အင်တာဗျူးမေးရာမှာ သူများမေးနေစဉ် ဝင်၍ အသံဖမးစက်ထိုးခြင်းနှင့် ပတ်သက်၍ ဤသို့ ပြောလိုက်သည်။

” ကျွန်တော့်ရဲ့စာအုပ်နဲ့ ပတ်သက်လို့ပြောပြရရင် ကျွန်တော်အင်တာဗျူးးတွေကို live ပဲ ဗျူးပါတယ်။ဆရာဦးမြလှိုင် ဒုတိယအကြိမ်ထုတ်ဝေတဲ့ ပေဖူးလွှာမှာ ကျွန်တော်က စာရေးဆရာများနဲ့ အင်တာဗျူးးကဏ္ဍကို တာဝန်ယူရပါတယ် ။ အဲဒီလို ဗျူးးတဲ့ အခါဆရာကြီး၊ဆရာမကြီးတွေဟာကျွန်တော့်ထက် ဝါရော၊သမ္ဘာရော ကြီးကြပါတယ် ။ ဒါပေမယ့်ဒါတွေကိုဂရုမစိုက်ပဲ ကျွန်တော် သူတို့ကို မကြောက်မရွံ့မေးမြန်းခဲ့ပါတယ် ။ ဒီလိုမေးမြန်းခဲ့လို့လဲ ဆရာကြီးတွေရဲ့ပြောင်မြောက်တဲ့ အဖြေတွေထွက်လာပါတယ်။ မှတ်မှတိရရ စမိုင်းပွဲမှာကြုံခဲ့ရတာကိုပြောချင်ပါတယ် ။ စမိုင်းကို ဝိုင်းဗျူးနေတုန်း ကျွန်တော်ပြန်မယ်ဆိုတော့ စမိုင်းက လှမ်းနှုတ်ဆက်ဖို့အတွက် ခဏနော်လို့ပြောလိုက်တော့ ကျွန်တော်ကပဲ နေပါစေ ၊ ဒီကလေးတွေကိုစကားနည်းနည်းပြောမလို့ပါဆိုပြီး (မင်းတို့ ဘယ်တိုက်ကလဲ ငါမသိဘူး ၊ အေးဒါပေမယ့် လူတယောက်ထဲကို ဝိုင်းဗျူးနေရင် အဖြေတမျိုးပဲထွက်ပြီး ဂျာနယ်တွေ အကုန်တူကုန်မှာပေါ့ ) ဆိုတော့ ( မေးခွန်းကအတူတူပဲမို့လို့ ဝိုင်းမေးကြတာပါ) တဲ့ ။ မေးနေတဲ့ အချိန်မှာလည်းကက်ဆက်သာထိုးထားတယ် ၊ လူကလျှောက်ကြည့်နေတယ်လေ။ ဒါကြောင့် မျိုးဆက်သစ်တွေကို မှာချင်ပါတယ်။စာဖတ်ပါ ။ ကိုယ်ဗျူးမဲ့သူရဲ့ အကြောင်းကိုသိအောင်လုပ်ပြီးမှ ဗျူးးမယ်ဆိုရင် ပိုကောင်းပါတယ်”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts