သတင်းပဒေသာ

၉ကြိမ်မြောက် ရွှေအမြုတေစာပေဆု ခန့်မှန်းဆောင်းပါးတွင် မိုးမခဆောင်းပါးတပုဒ်ပါဝင်

၉ကြိမ်မြောက် ရွှေအမြုတေစာပေဆု ခန့်မှန်းဆောင်းပါးတွင် မိုးမခဆောင်းပါးတပုဒ်ပါဝင်

မိုးမခရွာဆော်ကြီး၊ မေ ၂၈၊ ၂၀၁၄

မေလထုတ် အလင်းတန်းဂျာနယ်၊ အမှတ် ၈၀၆၊ ဆောင်းပါးရှင် မင်းဝေဟင်က ယခုနှစ် “န၀မအကြိမ်မြောက် ရွှေအမြုတေစာပေဆု ဘယ်သူတွေရမလဲ” ဆောင်းပါးမှာ ဆုအတွက်ခန့်မှန်းချက်တွေအထဲက မိုးမခမဂ္ဂဇင်း မေလထုတ်ပါ ဆောင်းပါးရှင် ဇာနီကြီးရဲ့ ‘ဦးသန်းရွှေ စိတ်ဓာတ်ခိုင်မာရင် လာရောက်တရားစီရင်ခံပါ” ဆောင်းပါးကို စာရေးဆရာဇော်ခိုင်ဦးကနေ သူ့စိတ်ကြိုက်အဖြစ် ရွေးချယ်ပေးထားတယ်လို့ ရေးသားထားပါတယ်။

‘ဆရာဇာနီကြီးရဲ့ ဆောင်းပါးက ခေတ်ကို တိုက်ရိုက်ထင်ဟတ်ထားတဲ့ ခေတ်အတွက် မရှိမဖြစ်ဆောင်းပါးတပုဒ် ဖြစ်နေတယ်” လို့ ရေးသားထားပါတယ်။ သူ့စိတ်ကြိုက်ဆောင်းပါးနောက်တခုကတော့ ၂၀၁၃ သြဂုတ်လထုတ် ရွှေအမြတေမဂ္ဂဇင်းပါ ဆရာညီမင်းညိုရဲ့ “ဆုကြောင့်စူးသော ဆူးများ” ဆောင်းပါးကို ရည်ညွှန်းထားပါတယ်။ “ဆရာညီမင်းညိုက ဆုဆိုတာကို ဘာလဲဆိုတာ ရှင်းပြတယ်။ မြန်မာနိုင်ငံမှာ စာပေနဲ့ ပတ်သက်လို့ ပေးနေကြတဲ့ အမျိုးသားစာပေဆုမှ အစပြုလို့ နိုင်ငံတော်ကပေးနေတဲ့ ဆုတွေအားလုံးရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို မီးမောင်းထိုးပြတယ်” လို့ ညွှန်းဆိုထားပါတယ်။

ယခု မေလ ၂၈ မှာ ရွှေအမြုတေထူထောင်သူ ဦးဝင်းငြိမ်း မွေးနေ့မှာ ဆူးလေဘုရားလမ်းက ဆူးလေရှန်ဂရီဟိုတယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts