ကဗျာ

မိုဒဲလ်ပုံစံမတူကြပေမဲ့

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မောင်စိုးချိန်
မတ်လ ၁၊ ၂၀၁၄

 

နောက်ဆုံးပေါ် 
ရှစ်ဆယ့်ရှစ် မိုဒဲလ်*
ကျည်ဆံရထား
ခွေးဘီလူးတံဆိပ် ခပ်နှိတ်ထား
အဝေးပြေးနံပါတ် ၂၀၀၈ လမ်းပေါ်မှာ။

 

လူတွေကို အဓမ္မ နင်းချင်းတင်တယ်
သစ္စာပျောက် သစ္စာဖောက် သစ္စာဖျောက်တွေ
ကျည်ဆံပေါ် အလုအယက် ခုန်တက်ကြ
မဟားဒယား ဆွဲတင်ကြ။

 

သူတို့ရထား
စက်ယန္တယား မောင်းသံ
ဥသြဆွဲသံ နားထောင်ကြည့်
“စစ်အာဏာရှင်စနစ်
နှစ်တရာတိုင်စေသတည်း” တဲ့
အဲဒီဥသြဆွဲသံ။

 

လူ့သွေး လောင်စာနဲ့မောင်း
ချွေးတွေ ညှစ်မောင်းတယ်
လူထုအသက်တွေနဲ့ မောင်းတယ်
ငိုရှိုက် ကြေကွဲသံနဲ့ မောင်းတယ်
ပြည်တွင်းစစ်မီးလျှံရဲ့
အပူချိန် တထောင်ကျော်နဲ့ မောင်းတယ်
တိုင်းပြည်ကျဆုံး အမွဲဆုံးနဲ့ မောင်းတယ်။

 

သို့ပေသည့်
ပြေးလမ်းပေါ်က လူထုမိုင်းဗုံးမီးတောင်
ဒူးတုန်အောင်ကြောက်တယ်
မျက်လုံးပြူး မျက်ဆံပြူးကြောက်တယ်
ပုဒ်ထီး ပုဒ်မနဲ့ တားမြစ်တယ်။

 

ခြောက်ဆယ့်နှစ်
ဘီလူးခေါင်းတံဆိပ် မိုဒဲလ်ဟာ
အဝေးပြေးနံပါတ် ၇၄ ပေါ်မှာ
လူထုမီးတောင်နဲ့ တိုးခဲ့
မောင်းသူအတုံး အရုံး
ပျက်ပြုန်းလောင်ကျွမ်းခဲ့
ပေ ၈၈ ထောင်ချောက် ကမ္ဘာထဲ
တိမ်းမှောက်ခဲ့။

 

ရှစ်ဆယ့်ရှစ် မိုဒဲလ်စစ်ရထား
ရာဇဝင်ထွန်းပြောင်
မီးတောင်အမှတ် ၂၀၀၇ နဲ့
တိုးခဲ့ ပေါက်ကွဲခဲ့
မီးစွဲလောင်ခဲ့ဘူးရဲ့.

 

ယခု မီးတောင်အမှတ်
ဘယ်နံပါတ်နဲ့ ထပ်တိုးဦးမလဲ
တိုးကိုတိုးတော့မှာပါပဲ။

 

မောင်စိုးချိန်
ဖေဖေါ်ဝါရီ ၄၊ ၂၀၁၄

 

*မိုဒဲလ် model – ရုပ်လုံးပုံစံဖော်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts