Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

မြောက်ပိုင်း အေဘီ ကျောင်းသားများ ကျဆုံးခြင်း နှစ်ပတ်လည် အခမ်းအနားကျင်းပ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

မြောက်ပိုင်း အေဘီ ကျောင်းသားများ ကျဆုံးခြင်း နှစ်ပတ်လည် အခမ်းအနားကျင်းပ

ရန်နောင်(ဗိုလ်တထောင်)၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၄

 မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး – ABSDF -မြောက်ပိုင်းမှာ ၁၉၈၉ျ မှ ၁၉၉၉၂ ကာလအတွင်း ကျောင်းသားအချင်းချင်းကြား သံသယများ၊ မယုံကြည်မှုများ ၊ပုဂ္ဂိုလ်စွဲ ဒေသစွဲများ ၊ အာဏာအားပြိုင်မှုများ ဖြစ်ပွားခဲ့ပါတယ်။ အဲသည် ကျောင်းသားတပ်ဖွဲ့ဝင်များအချင်းချင်း မလိုမုန်းထား ၊အာဃာတကြီးစွာဖြင့် စွပ်စွဲညှင်းပမ်း သတ်ဖြတ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ် ။ ထိုကျဆုံးသွားသော ကျောင်းသားများအတွက်အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်မြို့သုမင်္ဂလာလမ်းရှိ ဓမ္မပီယဘုန်းကြီးကျောင်းတွင် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည် ။

 “၁၉၉၁ ခု သြဂုတ်လ ၈ ရက် ရှစ်လေးလုံးအရေးတော်ပုံ ၃နှစ်ပြည့်အခမ်းအနားအပြီး ပါဂျောင်ဒေသ လိုင်စင်စခန်းမှာ ကျောင်းသားအချင်းချင်း ကို နဝတစစ်အစိုးရ၏ ထောက်လှမ်းရေးသူလျှိုများဟု စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေပြုလုပ်ခဲ့ကြပါတယ် ။ကျောင်းသားရဲဘော် (၁၀၀ ) ကျော် မတရား ဖမ်းဆီးနှိပ်စက်တာကိုခံခဲ့ကြရပြီး ၁၉၉၂ ၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ ဥက္ကဌ ကိုထွန်းအောင်ကျော်အပါအဝင် ကျောင်းသားရဲဘော် (၁၅ )ဦးကို လူသတ်ကုန်းမှာ ခေါင်းဖြတ်သတ်ခဲ့ကြပါတယ် ။ သတ်ဖြတ်ခံရတဲ့အထဲမှာ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ ) ဒုတိယနှစ်မြန်မာစာ ကျောင်းသူ မခင်ချိုဦး (ရန်ကုန် ) တစ်ယောက်ပါဝင်ခဲ့ပါတယ်။ ညှင်းပန်းနှိပ်စက် ခံရသူများ ၊ တစ်ဦးချင်း သီးခြားနှိပ်စက်သတ်ဖြတ်ခံရသူများအပါအဝင် သေဆုံးသူ စုစုပေါင်း (၄၁ )ဦးရှိပြီး အဆိုပါကျောင်းသားရဲဘော်တွေဟာ ဒီမိုကရေစီတော်လှန်ရေးအတွက် အများနဲ့မတူထူးခြားစွာ အသက်ပေးခဲ့ကြရပါတယ် ။

မျှတသောတရားစီရင်ရေး ရရှိရန်နှင့် ကျဆုံးရဲဘော်များ၏မိသားစုဝင်များရဲ့ဖြစ်စေချင်သော သဘောထားအတိုင်း ဖြစ်လာစေရန်လည်းအတတ်နိုင်ဆုံး ကူညီပေးသွားမယ်” ဟု ထိုစဉ်က အေဘီအက်စ်ဒီအက်ဖ်၏ မြန်မာပြည်တောင်ပိုင်းတာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ကိုမိုးသီးဇွန်ကပြောကြားခဲ့ပါသည် ။

 ကိုဘိုဘိုကလည်း  “ဒီနေ့ထက်ထိ မေ့လို့မရသေးဘူးဗျာ ၊ ကျနော်က ၅၅ ယောက် ထွက်ပြေးတဲ့အထဲမှာတော့မပါပါဘူး ၊ မိဘတွေလာခေါ်လို့ ပြန်လာခဲ့တာပါ၊ တရားဥပဒေအတိုင်းဖြစ်အောင်လို့ ကျနော်တို့ မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက် မှာကြေငြာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ် ၊ဒါပေမဲ့ အခုထိ ရလဒ်တစုံတရာ ထွက်ပေါ်ခြင်းမရှိသေးတာကတော့ဝမ်းနည်းစရာပါပဲဗျာ” ဟုမျက်ရည်များဝိုင်းကာ ကျဆုံးရဲဘော်များ အတွက် ဝမ်းနည်းစကားပြောကြားခဲ့ပါသည် ။

ဒေါက်တာနိုင်အောင်မှလည်း ပါဂျောင်သတ်ဖြတ်မှုနှင့်ပတ်သက်ပြီးမှန်ကန်သော တရားစီရင်မှုရရှိရေးအတွက် ယင်းအချိန်က တာဝန်ထမ်းဆောင်ခဲ့သော ထောက်လှမ်းရေးများ လာရောက်စစ်ဆေးခံဖို့လိုကြောင်း ပြောခဲ့ပါသည်။

ကျဆုံးကျောင်းသား ကိုအောင်ကျော်မြင့်၏မိခင်ဖြစ်သူမှလည်း ”သူသေတယ်ဆိုတာ သတင်းစာရှင်းလင်းပွဲတွေကမှ သိရတာပါ။ ၅၅ ယောက်ထွက်ပြေးလာတာ တယောက်ကျခဲ့တယ်၊ အဲဒါဟာအဒေါ့်သားအောင်ကျော်မြင့်ပေါ့ကွယ် ” ဟုပြောပြခဲ့သည်။

အခမ်းအနားကို နှစ်ပိုင်းခွဲ၍ ကျင်းပခဲ့ပြီး ပထမပိုင်းတွင်မိသားစုဝင်များနှင့် ရဲဘော်ရဲဘက်များက အမှတ်တရစကားများပြောကြားခဲ့သည်။ ထို့နောက် သံဃာတော်များအားဆွမ်းကပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာသော ဧည့်ပရိတ်သတ်အား ထောပတ်ထမင်းနှင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။

ဒုတိယပိုင်းအခမ်းအနားတွင် သံဃာတော်များအားလှူဖွယ်ဝတ္ထုများ လှူဒါန်းပြီး ရေစက်ချအမျှအတန်း ပေးဝေကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများအနေဖြင့် ကျဆုံးသွားသူတို့၏ တရားမျှတမှုနှင့် သမိုင်းအမှန်တရားအတွက် လွတ်လပ်၍ တရားမျှတသော တရားစီရင်ရေးစနစ်တို့ အားကောင်းလာစေရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကြီးစွာသော အဟန့်အတားဖြစ်စေသောကြာင့် မိမိတို့မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် စွမ်းသလောက်ကြိုး ပမ်းသွားမည်ဖြစ်ကြောင်းလည်း သဘောထားကြေငြာချက် ထုတ်ပြန်ထားသည် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts