သစ်ကောင်းအိမ်
ဇန်န၀ါရီ ၄၊ ၂၀၁၄
မမြင်ရတဲ့ကံကြမ္မာက
အမှောင်ထဲကနေ
မိုးကာအကျီအနက်ဝတ်ပြီး
ကိုယ်မောင်းလာတဲ့ကားရှေ့
ဖြတ်ပြေးလာတတ်တဲ့
လောကခရီး…..
မဂ္ဂင်လမ်းကြောင်းများရဲ့
ယာဉ်စီးကမ်းအတိုင်းမောင်းနှင်ဖို့
ပန့်နံပါတ် ၄၅မှာ
အသက် ၄၅ဂါလံ
ဖြည့်ခဲ့၊
အဝေးပြေးလမ်းမပေါ်က
အဝေးပြေး
ဆောင်းယွန်းလ
မိုးလွတ်ပါစေ…။ ။
သစ်ကောင်းအိမ်
(၂။ ဖေဖော်ဝါရီ။ ၂၀၁၄)