MoeMaKa VDO ပြန်လည်ဆန်းသစ်ခြင်း

ရွှေသည်း ငွေသည်း စိန်နဲ့ခွဲ ဘီအီးဒီ အောင်သိုက်

(ပြောဇာတ် / Audio Drama / Audio Play)
မိုးမခ
ဇန္နဝါရီ ၂၉၊ ၂၀၁၄

 

ခင်ယုမေ (၁၉၃၇-၂၀၁၄) ၊ ဆွေဇင်ထိုက် (၁၉၅၃-)
မူလ ဓာတ်ပုံမျှဝေသူ – ကိုကျော်လွင်ဆန်း

 

ပြီးခဲ့တဲ့ သီတင်းပတ် ဇန္နဝါရီ (၂၄)  မှာ ကွယ်လွန် အနိစ္စ ရောက်ရှာတဲ့ အဆိုတော်၊ ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ နှစ်ထပ်ကွမ်း ဆုရှင် (ဒေါ်) ခင်ယုမေ အား အမှတ်တရ ပြုခြင်း နှင့် အတူ တခေတ် တခါက ဗမာ လူထု လူ အများ အတွက် ဖျော်ဖြေရေး ကဏ္ဍ တခု အနေဖြင့် ခေတ်စား ခဲ့သည့် ကက်ဆက်တိတ်ခွေ ဇာတ်လမ်း ခေတ် သရုပ် ကို ပြန်လည် ဖော်ထုတ်လိုခြင်း၊ သမိုင်း မှတ်တမ်းပြု သိမ်းဆည်းလိုခြင်းတို့ကြောင့် ဒါရိုက်တာ ဘီအီးဒီအောင်သိုက် စီစဉ်တင်ဆက်သည့် ယခု ပြောဇာတ် အသံ ဇာတ်လမ်း ကို မိုးမခ ပရိသတ် အတွက် တင်ဆက်လိုက်ပါသည်။

 

ဤ ရုပ်သံပြု အသံဇာတ်လမ်း ကို အခကြေးငွေဖြင့် ပြန်လည် ဖြန့်ဖြူးခြင်း မပြုလုပ်ပါရန် အလေးအနက် သတိပေးပါသည်။  ပုဂ္ဂလိက တကိုယ်ရေ အပန်းဖြေနားဆင် ဖို့ရာအတွက်သာ အသုံးပြုပြီး စီးပွားရေး အလို့ငှာ အသုံးမချမိစေဖို့ သတိပေး မေတ္တာရပ်ခံအပ်ပါသည်။

 

ကက်ဆက် တိပ်ခွေကာဗာ နှင့် အသံ မျှဝေသူ – မောင်သူရညွန့်

 

ဘီအီးဒီ အောင်သိုက် ၏ “ရွှေသည်း ငွေသည်း စိန်နဲ့ခွဲ” ပြောဇာတ် / အသံ ပြဇာတ်
အသံ ပါဝင် သရုပ်ဆောင်ကြသူများ –  ဘီအီးဒီ အောင်သိုက်၊ အကယ်ဒမီ ခင်ယုမေ၊ အကယ်ဒမီ မေနွဲ့၊ အကယ်ဒမီ ဆွေဇင်ထိုက်၊ ခင်လေးဆွေ၊ ဆယ်ပြား၊ ရဲဒင်၊ ပြည်စိုး၊ မိုးဇော်၊ မြစမ်း
နောက်ခံတေး ဂီတမှူး – ထရမ်းပက် ဝင်းဦး
မူပိုင် – ကိုသန်းလွင် (စံပယ်ဦး တေးသံသွင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts