ရွှေတွံတေးဆရာတော်သည် ရှေ့ ဆုံးလူများကို ကူညီအားပေးနေကြောင်းသိရသည်။
ဒုက္ခိတလို့ မခေါ်ချင်ဘူး- မသန်မစွမ်းလို့ မပြောချင်ဘူး။ ဒါကြောင့် ရှေ့ ဆုံးလူလို့ နာမည်အသစ်ပေးထားတာ- နိုင်ငံတကာမှာလည်း သူတို့ ကို ဦးစားပေး ရှေ့ ဆုံးမှာစီစဉ်ပေးထားတာပါ။ ကျေနပ်စရာကောင်းတယ်။ ဆင်းရဲ ချမ်းသာမရွေး ဘာသာမရွေး လူမျိုးမရွေး ရှေ့ဆုံး လူတိုင်း ကို တွေ့ တဲ့ နေရာတိုင်းမှာ အားပေးတယ်။ ကူညီတယ်။ အမှတ်တရ အင်္ကျီ ၁ ထည်နဲ့  ကျပ်ငွေ ၁ သောင်းလောက် ဒေသငွေကြေးနဲ့ ပေး တယ်။ ကိုယ့်နိုင်ငံသာမက ထိုင်း- နီပေါနဲ့  အိန္ဒိယမှာလည်း ပေးခဲ့ပြီးပြီ။ ၁၅ နှစ်လောက်ကတည်းက ခပ်ကျဲကျဲလုပ်ဖြစ်တာ။ အခုတော့ ခပ်များများ စီစဉ်ကူညီပေးဖြစ်သွားတာပါ……..စသဖြင့်မိန့် ကြားခဲ့သည်။
ဗုဒ္ဓဘုန်းတော်ကြီး၊ ဆရာတော်တွေပဲ လောကဓံခံစားနေသူတွေကို အားပေးခြင်း၊ သိပ်ကောင်းတဲ့ နမူနာပါ။