အင်တာဗျူး

(လမ်းခုလတ် ၂၀၁၃) ကိုကိုကြီးနဲ့ စကားလက်ဆုံ

(လမ်းခုလတ် ၂၀၁၃) ကိုကိုကြီးနဲ့ စကားလက်ဆုံ

မိုးမခ၊ ဇန်န၀ါရီ ၄၊ ၂၀၁၄

နိုဝင်ဘာ ၂၄ ၊ ရန်ကုန်မြို့၊ တောင်ဥက္ကလပမြို့နယ်က ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကိုကြီးရဲ့ ရုံးခန်းမှာ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ကိုကိုကြီးက ၂၀၁၃ ခုနှစ်ဟာ မြန်မာနိုင်ငံရေးလှုပ်ရှားနေသူတဦးရဲ့ လမ်းခုလတ်အနေနဲ့ သူတဦးတည်းအမြင်နဲ့ ရှုမြင်သုံးသပ်ချက်ကို မိုးမခကို ပြောကြားခဲ့ရာမှာ …

ကျနော့်တယောက်တည်း အနေနဲ့ ပြောရရင် လမ်းခုလတ်ဆိုတာထက် လမ်းဆုံလမ်းခွလို့ ပြောရလိမ့်မယ် ထင်တယ်။ ကျနော်တို့မှာ အရင်ကတလျောက်လုံး ဖိနှိပ်ချုပ်ချယ်တာတွေ ခံခဲ့ရတယ်။ ကျနော်တို့က တုန့်ပြန်တဲ့နေရာမှာလည်း မတရားမှုကို ဆန့်ကျင်တဲ့အနေနဲ့ တုန့်ပြန်လာခဲ့ကြတယ်။ အဲသည်ကနေ ဒီနေ့ကာလကို ရောက်လာတော့ အထိုက်အလျောက် ပြုပြင်ပြောင်းလဲမှု ရှိလာတာကို မြင်ရတယ်။ ဒါပေမယ့် တဖက်ကလည်း ကျနော်တို့ လိုချင်သလောက်၊ ကျနော်တို့ မျှော်မှန်းသလောက် ဖြစ်မလာသေးဘူး။ ပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘ၀ဟာ တချို့ဆိုရင် ပိုတောင် ဆိုးလာတယ်လို့ ပြောရမယ်။

လူတွေက အရမ်းကို အပြောင်းအလဲကို မြင်ချင်တယ်။ လူတွေမြင်ချင်သလို အပြောင်းအလဲဆိုတာ မဖြစ်လာဘဲနဲ့ နိုင်ငံရေးအငြင်းအခုံတွေ၊ နိုင်ငံရေးဟောပြောပွဲတွေပဲ ဆက်ပြီး သွားနေရတယ်။ အခု စပ်ကူးမတ်ကူးကာလမှာ အရင်ထက်စာရင် တချိန်ကအတိုက်အခံလုပ်ခဲ့တဲ့ အင်အားစုတွေအတွက် space ပေါ့လေ၊ နေရာတနေရာ ရလာတယ်။ အဲသည်နေရာကို ခြေကုပ်ခိုင်မာအောင် ဘယ်လိုတည်ဆောက်မလဲ၊ ဘယ်လို ကျယ်ပြန့်လာအောင် ချဲ့မလဲ ဆိုတဲ့ စိန်ခေါ်မှုတွေက လက်ရှိအကြပ်အတည်းမှာ ပိုကြီးလာတယ်လို့ ထင်တယ်။ ကိုယ့်အချင်းချင်းကြားထဲမှာလည်းပဲ issue တခုချင်းစီကို ဘယ်လို ရင်ဆိုင်ကြမလဲဆိုတဲ့ဆီမှာ သဘောထား အပြင်း အပျော့ မတူတာတွေကလည်း ကျနော်တို့ ရင်ဆိုင်နေရတဲ့ အကြပ်အတည်းတခု ဖြစ်လာတယ်လို့ ထင်တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts