ဓာတ်ပုံသတင်း

ကွမ်းယာဆိုင် – betel nut shop

မိုးမခဓာတ်ပုံတွေထဲက မြန်မာမြင်ကွင်း

ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃

ကွမ်းအစ်ထဲမှာပဲ ရှိခဲ့ဖူးတဲ့ ကွမ်းယာက ဒီနေ့ခေတ်မှာတော့ မြန်မာပြည်ရဲ့ အရောင်းအသွက်ဆုံးပစ္စည်းများထဲမှာ ထိပ်ပိုင်းက ရှိနေမယ် ထင်ပါတယ်။
ကွမ်းယာဆိုင် ဆိုတာကလည်း ပြည်တွင်းမှာသာမက မြန်မာပြည်သားများရောက်ရှိရာ ပြည်ပက မြန်မာရပ်ကွက်တွေမှာပါ တွေ့မြင်နေရပါပြီ။

ပုံမှာ တွေ့ရတာကတော့ သီပေါမြို့တနေရာက ကွမ်းယာဆိုင်ဖြစ်ပါတယ်။

ကွမ်းယာ အရသာက တဆိုင်နဲ့တဆိုင် ကွာခြားသလို ကွမ်းယာထုပ်ပိုးပုံကလည်း တနေရာနဲ့ တနေရာ မတူညီကြပါဘူး။
သီပေါက ဒီဆိုင်ကတော့ ကွမ်းယာကို ငှက်ပျောရွက်တစ်ထပ်၊  ပလပ်စတစ်အိတ်နဲ့ တစ်ထပ် ထုပ်ပိုးထားပါတယ်။
ကွမ်းယာဆိုင်လို့ ဆိုကြပေမယ့် စင်္ကာပူမှာ ၂၄ နာရီဖွင့်တဲ့ 7-11 ဆိုင်တွေလို စုံစီနဖာ ရောင်းတဲ့ဆိုင်တွေ ဖြစ်နေပါပြီလို့ ဆိုရမလောက်ပါပဲ။
ပုံတွေကို ကြည့်ရင် ကွမ်းယာဆိုင်စီးပွားရေး အနေအထားကို ခန့်မှန်းမိကြမယ်လို့ ယူဆပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကွမ်းယာဆိုင် – betel nut shop
  1. ကွမ်းယာစားခြင်းကြောင့် ပတ်ဝန်းကျင်ဆိုးကျိုးများ အကြောင်းကို – ရွှေပြည်ငြိမ်းချမ်း ရေးသော၊ ကွမ်းမေတ္တာစာ ခေါင်းစဉ်ဖြင့်၊ – ကိုရီးယား- ယိမ်းနွဲ့ နေသော ရောင်စုံကြာ စာအုပ်မှာ ရှာဖွေဖတ်ကြည့်လျှင် အားလုံးအတွက် အကျိုးရှိမည်ဖြစ်ပါသည်။ ကွမ်းစားသည်ကို အပစ်မပြောလိုပါ၊ သို့ သော် နေရာတကာ ကွမ်းတံတွေး ထွေးခြင်းကိုတော့ သာကီဝင်မင်းမျိုးများ ဆင်ခြင်သင့်ပါသည်။ ထိုင်ဝှမ်းမှာ ကွမ်းတံတွေး လူမြင်လမ်းမှာထွေးတာကို မြင်လျှင် US $ 200 ဒါဏ်ရိုက်ကြောင်း ကြားဘူးပါသည်။ ဌင်းအပြင် ကွမ်းယာဝယ်လျှင် ဆိုင်ရှင်က ကွမ်းတံတွေးထွေးရန် တခါသုံးစက္ကူခွက်ခလေးများပါပေးပါသည်။

Comments are closed.