မိုးမခကို ပေးတဲ့စာ

ပြည်သူတွေအကြားက သတင်း၊ ဖတ်စရာနဲ့ ပေးစာများ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဇန်န၀ါရီ ၂၀၊ ၂၀၁၃

● ဟင်္သာတ မြသဇင်ပုဂ္ဂလိကဆေးရုံမှာ ဆေးမှားထိုလို့ ရန်ကုန်အသွား အသက်မမှီခြင်းကိစ္စ
ပေးပို့ – ဟင်္သာတသား

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ မြိုလယ်ခေါင်ရပ်ကွက် ဘုရာကြီး (၁) လမ်းအတွင်းတွင် ဟင်္သာတဌာနဆိုင်ရာတွေက ဘယ်လိုမျက်စိနဲ့ ကြည့်ပြီး ဆောက်လုပ်ခွင့်ပြုလိုက်သည်မသိသော “မြသဇင်” အထူးကုဆေးခန်းသည် အရင်တစ်နှစ်ကျော်လောက်က ဆရာဝန်မလေး ဆေးထိုးမှားလို့ သေတာကို အထူးကုဆရာဝန်ကြီးကြောင့်လို့ လွှဲချတဲ့အမှုမှ မပြီးသေး၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဆကာတန်း ရောင်နီဦးဆိုင်မှ လူနာကို တိုက်ဖွိုက်ဆိုပြီး ပိုးသတ်ဆေးတွေထိုးသွင်း၊ အစာမစားခိုင်းဘဲ နောက်ရက်တွေမှာ ဆီးထဲပိုးတွေလို့ဆိုပြီး ဆေး သွင်းရာ ဆေးလွန်သွားပြီး တစ်ကိုယ်လုံးမလှုပ်တော့ဘူး။ ကာယံကံရှင်တွေက ရန်ကုန်ကိုသွားရာ အသက်မမှီတော့ပါ။

ရပ်ကွက်အတွင်းမှာ ဘုရားကြီးအုပ်ချုပ်ရေးမှူးကိုအိပ်ထဲထည့် စည်ပင်အမှုဆောင်အရာရှိ ဗိုလ်ကြီးခင်မောင်မြင့်နှင့်  ဟင်္သာတဆေးရုံအုပ် ကြီး MS ဦးကြည်စိုး၏ ထောက်ခံချက် နာလည်မှုတို့ဖြင့် မြသဇင်ဆေးရုံဆိုပြီး လူနေအိမ်ရပ်ကွက်အတွင်းမှာရှိနေသောကြောင့် အလောင်း သယ်တဲ့ကားများ နေ့ညမပြတ် ရပ်ကွက်ထဲဝင်ထွက်သွားလာနေလို့ ရပ်ကွက်လဲနာတယ်။ လိုင်စင်မရသေးဘဲ ဖွင့်လှစ်ထားတဲ့ ဆေးခန်း တွေကိုလာစစ်တဲ့သူတွေကလည်း စားပြီးပြန်သွားတယ်။ ဘာမှ သေချာမစိစစ်ပါဘူး။ အခုလိုဆေးမှားပြီးသေသွားတဲ့အမအတွက် စိတ်မ ကောင်းပါဘူး။  အမှုမှန် ပေါ်ပေါက်ရေးအတွက်သက်ဆိုင်ရာ နှင် ဆေးကောင်းစီ နေပြည်တော်ကျန်းမာရေးဦးနီးဌာန ဒီအမှုနဲ့ပတ်သက်သည့် ဌာနဆိုင်ရာများက လာဘ်မစားဘဲ ပြည်သူဘက်ကနေပြီး မှန်မှန်ကန်ကန် အရေးယူဆောင်ရွက်ပေးပါ။ အခုလည်း ဒီကိစ္စအတွက် ဖြေရှင်း ဖို့ဆိုပြီး မြသဇင်ဆေးခန်းပိုင်ရှင်က မကြာမှီ ခမီးခမက်တော်တော့မည် ဧရာဝတီတိုင်းဒေသကြီး ပညာရေးဝန်ကြီးဟောင်း ဦးစိုးမြင့်နဲ့ တိုင် ပင်နေပြီး  အကုန်လုံးပိတ်ထားပါတယ်။

ဒီအကြောင်းတွေကို အများပြည်သူနဲ့ တာဝန်ရှိသူတွေ သိရှိစေဖို့ မီဒီယာကနေ တဆင့် ဖော်ပြအပ်ပါသည်။
………………….

● လူနေရပ်ကွက်အတွင်းက မြေအောက်ဆီသိုလှောင်ကန်ဆောက်ပြီး ဆီရောင်းမယ့်ဆိုင် သက်ဆိုင်ရာကမတားမြစ်
ပေးပို့ – ကိုနေ (ဟင်္သာတ)

ဟင်္သာတမြို့ သုံးပင်ကွင်းရပ် အင်္ဂပိုလမ်းမှာ ရွှေခြင်္သေ့စက်သုံးဆီဆိုင်က မြေအောက်ဆီသိုလှောင်ကန်ပါတဲ့ ပန့်နဲ့ရောင်းမယ့် ဓာတ်ဆီဆိုင် ကို လူနေရပ်ကွက်အတွင်းမှာ စတင်ဆောက်လုပ်တာ ပြီးပါတော့မယ်။ အရင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝေလက်ထက်ကတည်းက လူနေ အိမ်ဆောက်မယ်ဆိုပြီး ဆီဆိုင်ကို ခိုးပြီးဆောက်လာတယ်လို့ အနီးတွင်နေထိုင်သောသူများက ပြောကြားပါတယ်။ ပြီးတော့ ရပ်ကွက်အတွင်း နေထိုင်သူတွေ ဒီဓာတ်ဆီဆိုင်ဆောက်တာကို ကန့်ကွက်ရန် မရှိကြောင်းဆိုတဲ့ လက်မှတ်အတုတွေ လိမ်ထိုးပြီး သက်ဆိုင်ရာကို တင်ထား တာဖြစ်ကြောင်းလဲ ဆက်ပြောပါတယ်။ သက်ဆိုင်ရာဌာနဆိုင်ရာတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဘယ်လောက်တောင် လာပ်ယူထား လဲမသိ၊ ဒီအတိုင်းလူနေရပ်ကွက်အတွင်းမှာ ဆီဆိုင်အကြီးကြီးဆောက်မှာကို လက်ပိုက်ကြည့်နေကြလို့ ရပ်ကွက်နေပြည်သူများက မကျေ မနပ်ဖြစ်နေကြပါတယ်။ မီးဘေးအတွက် မစိုးရိမ်ကြဘူးလား။

မနေ့က အုန်းကုန်းကဆီဆိုင်လို မီးလှန့်တာမျိုး၊ ဒါမှမဟုတ် ဆီဆိုင်မှာ အကြောင်းတစ်ခုခုကြောင့်မီးလောင်ရင် ဟင်္သာတတစ်မြို့လုံး ပြာ သင့်မှာပါ။ ရပ်ကွက်နေပြည်သူများကတော့ အောက်ခြေအလုပ်မလုပ်တဲ့ ဌာနတွေကို စာမပို့တော့ပဲ နိုင်ငံတော်သမ္မတဆီကို တိုက်ရိုက်စာပို့တိုင်ကြားထားပါတယ်။ ဘာမှ မထူးခြားရင် မြို့နယ်ရဲစခန်းဆီမှာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ဖို့ စာတင်မယ်၊ ပြီးရင် လူနေရပ်ကွက် အတွင်းမှာ ဆီဆိုင်မဖွင့်ရေးကို ပြင်းပြင်းထန်ထန် ဆန္ဒပြကန့်ကွက်ကြမယ်လို့ သတင်းရရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ပြည်သူတွေအကြားက သတင်း၊ ဖတ်စရာနဲ့ ပေးစာများ
  1. ကျွန်မ တစ်ခုလောက် သိချင်လို့ ရှင်တို့ပြောတာတွေ အမှန်ဆိုတာဘယ်လို သက်သေပြနိုင်မယ်လဲ??? ဟင်္သာတဆေးရုံအုပ်ကြီးက ထောက်ခံချက် လုပ်ပေးတယ်ဆိုတာ သက်သေအထောက်အထားရှိလို့လား???ရှိလျှင် ပြစေချင်ပါတယ်။

Comments are closed.