ဓာတ်ပုံသတင်း

ရွှေတွံတေးဆရာတော်နှင့် မဟာချိုင် ၁၁ ကြိမ်မြောက် တရားစခန်းပွဲ

ရွှေတွံတေးဆရာတော်နှင့် မဟာချိုင် ၁၁ ကြိမ်မြောက် တရားစခန်းပွဲ       

ချမ်းမြ၊ ဓာတ်ပုံသတင်း၊ ဇန်န၀ါရီ ၁၊ ၂၀၁၃

            ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား တိုင်းရင်းသားများစုပေါင်းပြီး ကီလို ၁၂ ၀ပ်ခေါင်းမဒေးရာကျောင်း တွင် စုပေါင်း ဒုလ္လဘရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်ပွဲနှင့် တရားစခန်းပွဲများ ကျင်းပခဲ့သည်။

          ဒီဇင်ဘာ ၃၀ မှ ဇန်န၀ါရီ ၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဒုလ္လဘ ၄၀ ပါး သီလရှင် ၁၈ပါး အမျိုးသား၊ အမျိုးသမီး ယောဂီ ၃၅၀ ခန့်  တရားအားထုတ်ကြသည်။ သာသနာဥသျှောင်(ထိုင်း) ဆရာတော် ဦးဇ၀နလည်း ကြွရောက်ခဲ့သည်။ ပရိသတ် ၁၅၀၀ ခန့် တက်ရောက်ခဲ့သည်။



         ကမ္မဠာနာစရိယ ရွှေတွံတေးဆရာတော်က

“အခုလို တရားစခန်းကျင်းပတာက နိုင်ငံသားတိုင်းရင်းသားတွေ ပုံစံခွက်ထဲမှာ
ရုန်းကန်နေရရင်း ခဏတာ နားခွင့်ရတုန်း အလဟာသမနားဘဲ တရားနဲ့ နားစေချင်လိုပါ။ နေ့စဉ်လည်း စတုဒိသာကျွေးတယ်။ သာသနာ့ဘောင်ကိုလည်း ရေခြားမြေခြားမှာ စရိတ်နည်းနည်းနဲ့ 
ဝင်နိုင်အောင် စီစဉ်ပေးတာပါ”

ဟု မိန့်ကြားခဲ့သည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts