သတင်းပဒေသာ

ရွှေတွံတေးဆရာတော် ထိုင်း – မြန်မာအာဏာပိုင်များ အလုပ်ရှင်နှင့်ပွဲစားများကို မေတ္တာရပ်ခံ

ချမ်းမြ (မိုးမခအထောက်တော်)
ဒီဇင်ဘာ ၂၆၊ ၂၀၁၂

ထိုင်းနိုင်ငံရောက် ရွေှ့ပြောင်းအလုပ်သမားများအားလုံးယာယီပတ်စပို့လုပ်ကြဖို့  ၂၀၁၂ ခု၊ ဒီဇင်ဘာလ ၁၄ ရက်နောက်ဆုံးအဖြစ်ကြေညာခဲ့ သည်။

မြန်မာသမ္မတနှင့် ထိုင်းဝန်ကြီးချုပ်တို့ (၃) လထပ်တိုးရန်သဘောတူခဲ့သော်လည်း ထိုင်းလ၀ကနဲ့ အလုပ်သမားဝန်ကြီးဋ္ဌာနကတော့ လျော လျောရှူရှူ ခွင့်မပြုသေးပါဘူး။ ယာယီပတ်စပို့မလုပ်ရသေးသူတွေ လာအကြောင်းကြားဖို့ - နေရပ်ပြန်ကြဖို့ - MOU နဲ့ ထိုင်းကိုပြန်လာကြဖို့ ကိုပဲပြောပြီး ဖမ်းဆီးပြန်ပို့ဖို့ ဖိအားပေးနေသည်။

ဒီဇဘာင်္လဆန်းကတည်းကစပြီး ယနေ့အထိ ယာယီပတ်စပို့စ် အရေးပေါ်လုပ်ပေးမှုတွေ ရှုပ်ထွေးလာခဲ့သည်။ အာဏာပိုင် အလုပ်ရှင်နဲ့ ပွဲ စားတွေမှားလာတာ တွေ့ နေရသည်။

နေထိုင်လုပ်ကိုင်ခွင့် အထောက်အထားမရှိသူများ (ဘတ်မရှိသူများ) ကိုပါ ဘတ်ငွေနှစ်သောင်းခန့်ယူပြီး ရောနှောလုပ်ပေးတာတွေရှိလာ ခဲ့သည်။

ရွှေတွံတေးဆရာတော်နဲ့ အကျိုးဆောင်များက ဒီကိစ္စတွေမှားယွင်းနေကြောင်း နီးစပ်ရာပညာပေး အသိပေးပြောနေခဲ့ပေမယ့်မအောင်မြင်ခဲ့ပါ။ တချို့ကလက်မခံပဲ ပွဲစားစကားအတိုင်းဆက်လုပ်ကြပြီး နားလည်လက်ခံသူများကလဲ အလုပ်ရှင်တို့၏ ဖိအားပေးခံရမှုကြောင့် လုပ် လိုက်ကြရသည်။

ယာယီပတ်စပို့ ရလာတော့လည်း တချို့က ကိုယ့်ဓါတ်ပုံနဲ့ တချို့က သူများပုံသူများနာမည်နဲ့ ဖြစ်နေပြီး ပွဲစားကလည်း အခုစစ်ဆေးရေးတွေ – ပုလိပ်တွေကိုရှောင်နေဦး နောက်မှ သေသေချာချာထပ်လုပ်ပေးမယ်လို့ မှာလိုက်ကြောင်းသိရသည်။

ဒီယာယီပတ်စပို့ကိစ္စနဲ့ ပတ်သက်ပြီး ရွှေတွံတေး ဆရာတော်က အခုလိုမေတ္တာရပ်ခံလိုက်သည်။ ရွှေတွံတေးဆရာတော်က …
– ထိုင်း – မြန်မာ အာဏာပိုင်တွေ သေသေချာချာ စိစစ်ပေးပါ။ နောက်ဆက်တွဲဒုက္ခတွေက အလုပ်သမားတွေခါးစည်းခံရဖို့ ဖြစ်နေတယ်။
– အလုပ်ရှင်များလည်း အလုပ်သမားတွေကို ကိုယ်ချင်းစာစိတ်နဲ့ ဆက်ဆံပေးပါ။ အမှားတွေကိုဖိအားမပေးပါနဲ့။
– ပွဲစားတွေလည်း ကိုယ်လုပ်စားရရင်ပြီးရော သဘောမထားပါနဲ့။ ကိုယ့်နိုင်ငံသား တိုင်းရင်းသားတွေ ရေရှည် ဒုက္ခတွင်းနက်မှာကို ၀ိုင်းဝန်း ကူညီတားဆီးပေးပါ ..
စသဖြင့် မေတ္တာရပ်ခံမိန့် ကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ရွှေတွံတေးဆရာတော် ထိုင်း – မြန်မာအာဏာပိုင်များ အလုပ်ရှင်နှင့်ပွဲစားများကို မေတ္တာရပ်ခံ
  1. ဆရာတော် ကျန်းမာချမ်းသာစွာဖြင့် သာသနာ့ဝန်ကိုလွယ်ကူစွာဖြင့် ထမ်းဆောင်နိုင်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ကို လျင်လျင်မြန်မြန်ရောက်ရှိနိုင်ပါစေသား…..

Comments are closed.