ဓာတ်ပုံသတင်း

Poems Book – ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ကဗျာဆရာတွေရဲ့ ငါတို့အိပ်မက်ကဗျာတွေ စာအုပ်ထွက်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ကဗျာဆရာတွေရဲ့ ငါတို့အိပ်မက်ကဗျာတွေ စာအုပ်ထွက်
မိုးမခစာအုပ်စင်၊ ဇွန် ၂၉ ၊ ၂၀၁၂
ရန်ကုန်မြို့တွင် အဆိုပါစာအုပ်ထွက်ပြီဟု ဆိုသည်။ ဖေ့စ်ဘွတ်ပေါ်တွင် အဆိုပါစာအုပ်၏ ကော်ပီဓာတ်ပုံများကို လက်ဆင့်ကမ်း မျှဝေထားသည်ကို တွေ့ရသည်။ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားများ၊ ကဗျာဆရာများ၊ မျိုးဆက်သစ် နိုးကြားသူများ စုစုပေါင်း ကဗျာဆရာ ၂၅ ဦး၏ ကဗျာများ ဖြစ်သည်။
မင်းကိုနိုင်က …
ကဗျာဆိုတာ
ရာသီသာချိန် တေးဆိုငှက်
ကိုယ်ရေးကြုံရင် ဓားတလက်
ကဗျာငှက်အား
ကဗျာသမားက
ကဗျာဓားနဲ့ မခုတ်ရက် … ဟု ရေးထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “Poems Book – ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ကဗျာဆရာတွေရဲ့ ငါတို့အိပ်မက်ကဗျာတွေ စာအုပ်ထွက်
  1. ဒီစာအုပ်ရဲ့ စာမျက်နှာ ၅၈ မှာ ပါတဲ့ ကိုမင်းကိုနိုင်ရဲ့ နှင်းဆီပွင့် ဆိုတဲ့ ကဗျာလေးနဲ့ပတ်သက်ပြီး ပြောစရာရှိပါတယ်။ အမှန်တော့ ဒီကဗျာရဲ့ ခေါင်းစဉ်က `နှင်းဆီနီဥဒါန်း´ ပါ။ ကျွန်တော့်ရဲ့ ချွတ်ယွင်းမှုကြောင့် နှင်းဆီပွင့်ဆိုပြီး မှားယွင်းသွားခဲ့ပါတယ်။ ဒီအတွက်လည်း ကဗျာရှင်ဖြစ်တဲ့ ဆရာမင်းကိုနိုင် ကိုလည်း အနူးအညွတ် တောင်းပန်ပြီးပါပြီင်္။ အခု ဒီနေရာကနေလည်း ထပ်တောင်းပန်လိုက်ပါတယ်။ ဆရာမင်းကိုနိုင်ခင်ဗျား – ကျွန်တော့်ရဲ့ပေါ့လျှော့မှုကို နားလည်ခွင့်လွတ်ပေးပါ လို့ အလေးအမြတ် တောင်းပန်ပါတယ်ခင်ဗျာ။ စာဖတ်သူတွေအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ တောင်းပန်ပါတယ်။ နောက်နောင်မှာ ဒီလိုအမှားမျိုး မလုပ်မိစေရပါဘူးလို့ အထပ်ထပ် ကတိပေးပါတယ်ခင်ဗျာ။ ဖြန့်ပြီးတဲ့စာအုပ် အနည်းငယ်အတွက် လိုက်ပြင်ဖို့ခက်ခဲပေမဲ့ ကျွန်တော့်မှာ ရှိနေတဲ့ စာအုပ်တွေအားလုံးကိုတော့ ကဗျာခေါင်းစဉ်တွေ လိုက်ပြင်နေပါပြီ။ ဒီကနေ့ ထွက်တဲ့ street view ဂျာနယ်မှာလည်း ကျွန်တော်မနေ့က ပြောပြလို့ မှားယွင်းတဲ့အမှားအတွက် တောင်းပန်ထားတာ ပါပါတယ်ခင်ဗျာ။ နောက်ထပ် လည်း ဂျာနယ်စာမျက်နှာတွေပေါ်ကနေ ကျွန်တော့်အမှားအတွက် ဆက်လက် တောင်းပန်သွားဦးမှာပါ။ ကျွန်တော့်အမှားအတွက် ကျွန်တော်မှာသာ တာဝန်ရှိပါတယ်ခင်ဗျား။ ကျွန်တော့်ကို ခွင့်လွတ်ပေးကြပါ။

Comments are closed.