သရော်စာ

Maung Luu Yay – မီးနှင့်ပတ်သက်၍ ဝမ်းမြောက်ဖွယ်

မောင်လူရေး၊ မေ ၂၆၊ ၂၀၁၂

မီးမဲ့တိုင်းသား လူအများတို့လေ …

သမ္မတအကြွင်းပေး ကိုကိုလှိုင်၏ အကြွင်းပေးမှုအရ မီးချွေတာရေးလုပ်သည့်အနေဖြင့် နေပြည်တော်တွင် မတော်မလျော်ထွန်းထားသည့် မီးလုံး မီးဆိုင်းအားလုံး ဖြုတ်တန်ဖြုတ် ခွဲတန်ခွဲ လှဲတန်လှဲ ဖြိုတန်ဖြိုရေး အခုမနှေးဆောင်ရွက်တော့မည်ဖြစ်ကြောင်း။

 ဒူ ဟူ ဟူ…..

နေပြည်တော်နှင့် ဟော်တယ်များ၊ ခေတ်ပျက်သူဌေးများအိမ်နှင့် ယင်း ကိုင်ကိုင်လှို၏ အိမ်မှာ တပ်ထားသမျှ အဲယားကွန်းများကိုလဲ ဖြုတ် ဖျက် ပစ်တော့မည်ဖြစ်ကြောင်း။

 ဒူ ဟူ ဟူ…..

ဘုရားမီးများကိုလဲ နေရောင် လရောင်နှင့်သာ ပူဇော်တော့မည်ဖြစ်ကြောင်း။

ဒူ ဟူ ဟူ…

အထည်ချုပ်စက်ရုံတွေလဲ လသာတုန်းဗိုင်းငင်ရတော့မည်ဖြစ်ကြောင်း။

ဒူ ဟူ ဟူ… ..

ကွန်ပြူတာများအစား ကျောက်သင်ပုန်းစစ်စစ်များကိုသာ သုံးတော့မည်ဖြစ်ကြောင်း။

 ဒူ ဟူ ဟူ…..

မီးအား မတင့်သဖြင့် အီးဂါးဗားမင့်ကြီးကိုလဲ ဖျက်သိမ်းတော့မည်ဖြစ်ကြောင်း …

ဖယောင်းဝေနေ သိစေပါသည်။ 

ဒူ ဟူ ဟူ……. အူ တူ တူ…..

(Cartoon – Saw Ngo)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts