စာအုပ်စင်

Than Win Hlaing – သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ စာအုပ် တကယ်ထွက်ပါပြီ

သန်းဝင်းလှိုင်ရဲ့ သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ စာအုပ် တကယ်ထွက်ပါပြီ

ကြိုတင်မှာကြားသူများထံ ရှေ့တပတ်အတွင်း ပို့မည်။ ပုံနှိပ်ပြီးမှ မှာယူလိုက ဒေါ်လာ ၂၀ ဖြင့် ၀ယ်နိုင်ပါပြီ

မိုးမခ၊ မတ် ၂၅၊ ၂၀၁၂

ကြိုတင်မှာကြားပုံနှိပ်စနစ် (print on demand) ကို စမ်းသပ်တဲ့အနေနဲ့ စာရေးဆရာ သန်းဝင်းလှိုင်ရဲ့ စာမျက်နှာ ၄၀၀ ထူတဲ့ “သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ” ထုတ်ဝေရန် ပြင်ဆင်ခဲ့ရာ ယခု မတ်လကုန်မှာ အမှန်တကယ် ထွက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ကြိုတင်ငွေပေးမှာကြားသူ မိုးမခစာဖတ်သူများနဲ့ စာရေးဆရာသန်းဝင်းလှိုင်ရဲ့ ပရိသတ်ကို ကျေးဇူးအများကြီး တင်ပါတယ်။ အမေရိကန်ပြင်ပက မှာယူသူများကို စာပို့ခ အပိုထပ်ဆောင်းပေးဖို့ တောင်းခံလွှာကို စာအုပ်နဲ့ အတူ ထည့်သွင်းမေတ္တာရပ်ခံမှာ ဖြစ်ပါတယ်။ (စာအုပ်ရပြီးမှ ပေးရမှာပါ)

သမိုင်းမှာ ထင်ရှားတဲ့ နယ်ပယ်စုံက မြန်မာအမျိုးသမီးများအကြောင်းကို သန်းဝင်းလှိုင်က စုစည်း တင်ဆက်ထားတာပါ။ စာအုပ်အကြောင်းနဲ့ မှာကြားပုံကို သည်နေရာမှာ ဖတ်နို်င်ပါပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts