ဖေဖော်ဝါရီ ၉၊ ၂၀၁၂
ဒွိဟ အဓိပ္ပါယ်က သို့လော … သို့လော … ဆိုတဲ့ ယုံမှားသံသယကိုဆိုလိုတာပါ။ နိုင်ငံတည်ဆောက်ရေးအတွက် နိုင်ငံ့ခေါင်းဆောင်တွေအပေါ် ပြည်သူလူထုရဲ့တခဲနက်ထောက်ခံယုံကြည်မှုရရှိဘို့ အရေးကြီးပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေအပေါ် ယုံကြည်မှုမရှိရင် နိုင်ငံတည်ဆောက် ရေးမှာ အဟန့်အတားကြီးဖြစ်တတ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေဟာ လူထုယုံကြည်မှုရရှိဘို့ ရိုးသားပွင့်လင်းပြီး ကတိသစ္စာတည်ဘို့ အ ရေးကြီးပါတယ်။ ဒဲ့ဒိုးတို့ တိုင်းပြည်ရဲ့အတိတ်ကာလကို ပြန်ပြောင်းကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်လူထုရဲ့ယုံကြည်မှုအပြည့်အ၀ ရရှိသူ အင်မတန်ရှားတယ်။ တိုင်းပြည်လွတ်လပ်ရေးရတာ ရွှေရတုကျော်လို့ စိန်ရတုနား နီးကပ်လာခဲ့ပေပြီ။ သို့သော်လည်း နာမည်ကသာ ရွှေ နိုင်ငံလို့  တင်စားခေါ်ဝေါ်နေကြပေမဲ့ ဒီနေ့ တိုင်းပြည်ရဲ့အခြေအနေက ပလပ်စတစ်လောက်တောင် တန်ဘိုးမရှိတာကို ၀မ်းနည်းစွာမြင်တွေ့ ရတယ်။ လွတ်လပ်ရေးရပြီးချိန်မှ ယနေ့အချိန်အထိ နိုင်ငံခေါင်းဆောင် တွေရဲ့အပြောနဲ့အလုပ်မညီတဲ့ တဖက်သတ်ဝါဒဖြန့်မှုတွေဘဲ နေ့စဉ် ကြားသိမြင်တွေ့နေရတဲ့ ပြည်သူလူထုက ယုံကြည်မှုမရှိကြတာများတယ်။ ဒီတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ ဝေးသထက် ဝေးလာတယ်။
ဒါနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် ဦးနုခေါ် သခင်နုရဲ့အာဏာယစ်မူးပြီးမလုပ်သင့် မလုပ်ထိုက်တာတွေ လုပ်ခဲ့တဲ့အ ကြောင်းရေးသားထားတဲ့ ဒိဗ္ဗကလေးဆိုသူရဲ့ လူမသိသေးသော ဖဆပလအတွင်းရေးများ၊ စကားလက်ဆုံပြောလို့မကုန်၊ ပဌမတွဲ စာအုပ် ထဲမှာရေးသားထားတဲ့ အရေးအသားတွေကြောင့်ပါ။
လူသူ မသိသေးသော “ဖဆပလ အတွင်းရေးများ” စာအုပ်မှာ ဒုတိယ၀န်ကြီးချုပ်နဲ့ ကာကွယ်ရေးတာဝန်ယူထားတဲ့ ဦးဗဆွေက တိုင်း ပြည်ငြိမ်းချမ်းရေးတွက် လုပ်ကိုင်နေတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း- ကြီးမှုးတငြိမ်းချမ်းရေး ရှစ်ဦး ကော်မိတီဟာ မူမမှန်ဘူး။ စေတနာလဲ မမှန်ဘူး-အခုနေအခါ တွေ့  ဆုံစေ့စပ်ရေး လုပ်နေယင် ရရှိပြီးသားငြိမ်းချမ်းရေးတောင် ဖရိုဖရဲဖြစ်ပြီး တိုင်းပြည်ပျက်သွားနိုင်တယ်ဆိုတဲ့ အ ကြောင်း တီ-စီ- ယူ-ဘီ- ညီလာခံတခုမှာ ဦးဗဆွေက ပြောသွားတယ်ဆိုပါတယ်။ အဲဒီလိုပြောစေဘို့  အဓိကအကြံပြုသူက သခင်နုတဲ့။ ဦးဗ ဆွေက တီ-ယူ-စီ-ဘီ- မှာ စကားပြောနေချိန်မှာ သခင်နုက ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့တွေ့တယ်။ အဲဒီလိုတွေ့ဆုံရာမှာ ဆရာကြီးနဲ့ နီးစပ်တဲ့ငြိမ်းချမ်းရေးကော်မီတီဝင်တွေနဲ့ ဓါတ်ပုံဆရာတွေပါ ကြိတ်ပြီးခေါ်ထားပါတယ်တဲ့။ နောက်နေ့ထုတ်သတင်းစာမှာ ဦးဗဆွေက ဆ ရာကြီးကိုယ်တော်မှိုင်း ကြီးမှုးတဲ့ပြည်တွင်းငြိမ်းချမ်းရေးကော်မီတီကို ရှုံ့ချတဲ့သတင်းရယ်။ သခင်နုက ဆရာကြီးကိုကန်တော့နေတဲ့ သတင်း ဓါတ်ပုံရယ် သတင်းစာထဲမှာ ယှဉ်လျှက်ပါလာတယ်ပြောပါတယ်။ (နှာ-၂၃၀)
ဦးဗဆွေပြောတဲ့စကားကို အတည်ပြုပေးလိုက်တာက (စ-က-ပ-လ-) စီးပွားကုန်သွယ်ရေးအဖွဲ့ချုပ် ညီလာခံသဘင်မှတ်တမ်းစာအုပ်မှာ တွေ့ရပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ပါးစပ်ကတော့ငြိမ်းချမ်းရေးဘဲပြောနေတယ်။ အပြောက နားဝင်ချိုတယ်။ လက်တွေ့မှာ တောထဲကကွန်မြူနစ်တွေ ပြောခိုင်းတာကိုပြောနေတယ်။ သူပြောတဲ့ငြိမ်းချမ်းရေးကို လက်ခံလိုက်ရင် တိုင်းပြည်ဖရိုဖရဲပြိုကွဲပြီး သူတလူ ငါတမင်း စစ်ခင်းပြီးသုဿန်တစပြင်လို လူသူမဲ့တဲ့ငြိမ်းချမ်းရေးမျိုးရမှာမို့ အစိုးရအနေနဲ့ သခင်ကိုယ်တောမှိုင်းရဲ့ ငြိမ်းချမ်းရေးအစီအစဉ် လက်မခံနိုင်ကြောင်း ပြောဆိုတာကိုတွေ့ရတော့ ဦးဗဆွေရဲ့ပြောကြားချက်ကို သက်သေပြုလိုက်တယ်။ ဒါပေမဲ့  သူပြောတဲ့အချိန်ကာလက ဒီမိုကရေစီခေတ်ဆိုတော့ သတင်းလွတ်လပ်ခွင့်ရှိတယ်။ တရားဥပဒေလွတ်လပ်ခွင့်ရှိတယ်ဆိုတော့ စဉ်းစားစရာတွေ တပုံကြီးထွက်လာ တယ်။ ဒိဗ္ဗကလေးရေးသလို သခင်နု တကယ်ဘဲဆိုးခဲ့သလား။ တခုမှ ကောင်းတာမရှိတော့ဘူးလားဆိုတာ တွေးစရာဖြစ်လာတယ်။ သတင်းစာ သမားတွေက အစိုးရ
ဒီနေရာမှာ ဒဲ့ဒိုး သိချင်တာက “သမိုင်း အမှန်” သခင်နုကောင်းတာ မကောင်းတာ အရေးမကြီးသလို ဦးဗဆွေကောင်းတာ မကောင်းတာလဲ အရေးမကြီး။ ဒါတွေက ပြီးခဲ့ပြီလေ။ ဒါပေမဲ့ အဲဒီအထဲက “ဖ-ဆ-ပ-လ” ခေတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက သမိုင်းအမှန်ကို သိ ရလျှင် ဒဲ့ဒိုးလို မအူမလည် လူနုံလူအတွေအဖို့ သင်္ခန်းစာယူရတာပေါ့ဗျာ။ ဒါကြောင့် သမိုင်းမှန်ကို သိချင်တာ။ ရှစ်လေးလုံးခေတ်ရောက် တော့ မဆလပါတီဥက္ကဌကြီးနဲ့ ဦးအောင်ကြီးတို့ ဗကသဖောက်ခွဲတာ ဟိုလူလွှဲချ။ ဒီလူလွှဲချနဲ့ မြန်မာ့လွတ်လပ်ရေး သန္ဓေတည်ခဲ့တဲ့ အဓိ ကသမိုင်းဝင် အဆောက်အဦးကြီး ပျက်သုဉ်းခဲ့ရတာ နှမျောလို့မဆုံးနိုင်ဘူး။
အဲဒါကြောင့် ဂဂ မှစလို့ ယနေ့အချိန်ထိ နိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကို သက်ဆိုင်သူ ကာယကံရှင်တွေ အသက်ထင်ရှားရှိစဉ် နောင်လာ နောက်သားတွေ အမှတ်မမှား ဒွိဟမများဘို့ ကိုယ်ပါဝင်ပတ်သတ်ခဲ့တဲ့အကြောင်းအရာတွေ မချွင်းမချန်ရေးသားခဲ့ရင် ကောင်း လေစွလို့ အကြံဖြစ်မိပါရဲ့။
အဲဒီတော့ ဒဲ့ဒိုးသိချင်တဲ့ကိစ္စကို တခြားသူတွေလဲ သိချင်ကြလိမ့်မယ်ထင်ပါတယ်။ သက်ဆိုင်ရာ ကာယကံရှင်များကိုယ်တိုင်ရေး အထုပ္ပတ္တိ မှာဖြစ်ဖြစ် တခြားစာအုပ်မှာဖြစ်ဖြစ် ရေးသားစေချင်ပါတယ်။
ဒဲ့ဒိုးသိချင်တာက ၉၀ ရွေေးကာက်ပွဲမှာ မဲရုံးမှမဲပေးပြီး ထွက်လာတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးစောမောင်ကိုယ်တိုင် ပြောတာက ရွေးကောက်ပွဲမှာ ဘယ်ပါတီ နိုင်နိုင် နိုင်တဲ့ပါတီကို အာဏာလွှဲပေးပြီး တပ်မတော်ကတာဝန်ပြီးပြီမို့ စစ်တန်းလျားပြန်မယ်။ အနိုင်ရပါတီက ၄၇ အခြေခံဥပဒေနဲ့ဘဲ အုပ်ချုပ် အုပ်ချုပ် ၇၄ ဥပဒေနဲ့ဘဲ အုပ်ချုပ် အုပ်ချုပ် အသစ်ရေးဆွဲချင်လဲ အသစ်ရေးဆွဲ ဒါက အနိုင် ရပါတီရဲ့တာဝန်ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပေမဲ့ တကယ်တန်းရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာတဲ့အခါ တပ်မတော်ဟာ ပြည်သူလူထုကို ပေးတဲ့ကတိကို ဘာကြောင့် ချိုးဖျက်ရတာလဲ။ ဘယ်သူ့မှာ တာဝန်ရှိလဲ။
အတွင်းရေးမှုး ၂ ဗိုလ်ချုပ်တင်ဦး ရဟတ်ယာဉ်ပျက်ကြသေဆုံးတဲ့ကိစ္စ ရိုးသားတယ်ဆိုရင် ဘာကြောင့်ရဟတ်ယာဉ်ကို အစစ်အဆေးမခံရဲတာ လဲ။ ဖြစ်ကြောင်းကုန်စဉ်ပြောပြနိုင်တဲ့ မသေဘဲ အသက်ရှင်ကျန်ရစ်သူတွေကို ဘာကြောင့် လူသိမခံရဲတာလဲ။
အင်မတန် အရုပ်ဆိုးတဲ့ ဒီပဲရင်းအဖြစ်အပျက် ဘယ်သူက စီစဉ်တာလဲ။ ဘာကြောင့်လဲ။ တပ်မတော်ထောက်လှမ်းရေးအကြီးအကဲ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်က မသိဘူးဆိုတာ အမှန်ဘဲလား။
တပ်မတော်ထောက်လှမ်းရေးအကြီးအကဲ တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့် ရာထူးမှဖယ်ရှားခံရခြင်းမှာ လာဘ်စားမှု၊ အမိန့်မနာခံမှု ဆို တဲ့စွပ်စွဲချက်တွေနဲ့ စွပ်စွဲခဲ့တာ တကယ်အမှန်ဘဲလားဆိုတာ စွပ်စွဲသူနဲ့ စွပ်စွဲခံရသူတွေ သက်ရှိထင်ရှားစဉ် မကွယ်မ၀ှက် သမိုင်းမှန် အတွက် ရိုးသားစွာဝန်ခံလျှင်ဖြင့် တကယ်တိုင်းပြည်ချစ်တဲ့သူတွေလို့ ကမ္ဗည်းထိုးနိုင်လိမ့်မယ်ထင်ပါတယ်။ နောင်လာ နောက်သားတွေ ဒွိဟ မများရ လေအောင် ရိုးသားပွင့်လင်းစွာ ၀န်ခံစေလိုပါတယ်။
Hey,
I doubt your wish will be fulfilled in near future. You can take Politics out of Truth but you cannot take Truth out of Politics.
Sorry but it is a true statement.