>Letter to MoeMaKa


>

ပဲခူးတိုင်းခရိုင်းမြို့နယ် မြေစာရင်းရုံးမှ အရာရှိ ကြီးငယ်၊ ၀န်ထမ်းများ ပြည်သူလူထုအား အနိုင်ကျင့်နှိပ်စက် လာဘ်ငွေတောင်းမှုများ (ပေးစာ)
မိုးမခ
ဒီဇင်ဘာ ၂၉၊ ၂၀၁၁


နိုင်ငံတော်အစိုးရမှ ပြည်သူ့ဝန်ထမ်းများအား အဂတိလိုက်စားမှုများ မပြုလုပ်ရန် တားမြစ်ဆောင်ရွက်နေချိန်တွင် ပဲခူးတိုင်း၊ ခရိုင်မြို့နယ် မြေစာရင်းရုံးမှ အရာရှိကြီးငယ်ဝန်ထမ်းများသည် ပြည်သူလူထုအား နည်းမျိုးစုံဖြင့် အနိုင်ကျင့်နှိပ်စက် လာဘ်တောင်းယူမှုများ လုပ်ဆောင် နေကြောင်း အသိပေးတိုင်ကြားလိုပါသည်။

မြေစာရင်းရုံးနှင့်ပတ်သက်ရသောသူများအား အရာရှိ ကြီးငယ် ၀န်ထမ်းများ အဆင့်ဆင့်မှ ကျပ်ငွေ သိန်းနှင့်ချီ၍ ငွေတောင်းခြင်းများ ပြု လုပ်နေပါသည်။ စိုက်ပျိုးရေးကုမ္ပဏီများမှ အကြီးအကျယ် လာဘ်ငွေတောင်းယူခြင်း၊ လယ်သမား တောင်သူ၊ သာမန်မြေရောင်းဝယ်သူ၊ ငွေမပေးနိုင်သည့် ပြည်သူများ၊ အနည်းအကျဉ်းသာပေးနိုင်သူတို့အား အကြောင်းအမျိုးမျိုး ပညာပြ၍ နှိပ်စက်ခြင်း၊ နှစ်ပေါင်းများစွာ အချိန် ဆွဲ၍ထားခြင်းများ ပြုလုပ်နေပါသည်။

ရှေ့အရာရှိအားပေးသော်လည်း နောက်ပြောင်းလာသည့် အရာရှိအားမပေးနိုင်၍ ဆက်လက်လုပ်ဆောင်ပေးမှုမရှိခြင်း၊ လာရောက်တိုင်းတာ စစ်ဆေးရန် တတ်နိုင်သူများမှ အဆင့်ဆင့် ငွေးပေးမှ စစ်ဆေးခြင်း၊ ကားငှား/ကိုယ်ပိုင်ကားဖြင့် ကြိုပို့ပေးရခြင်း၊ အရာရှိခြင်း ဝေစုခွဲ အဆင်မပြေသောအခါတွင် သက်ဆိုင်သူမှ အိမ်သို့သွား၍ ထပ်မံငွေးပေးရခြင်းများ ပြုလုပ်နေပါသည်။ အထူးသဖြင့် မြို့နယ်ရုံးမှ ၀န်ထမ်းများမှ အဆိုးဆုံးဖြစ်ပါသည်။

ထိုကဲ့သို့ ပြည်သူအား နည်းမျိုးစုံဖြင့် အနိုင်ကျင့်နှိပ်စက်နေသော အကျင့်ပျက်အရာရှိ ကြီးငယ် ၀န်ထမ်းများအား နိုင်ငံငံတော်မှ သက်ဆိုင်ရာ အကြီးအကဲများ သိရှိစေရန်နှင့် စိစစ်အရေးယူပေးနိုင်ရန် တင်ပြအပ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts