>2 more Burmese business couple runs away in Sinagpore

>

 စင်ကာပူမြန်မာလုပ်ငန်းရှင် လင်မယားငွေများအလွဲသုံး၍ ထွက်ပြေးပြန်
မိုးမခရွာဆော်ကြီး၊ စင်္ကာပူ၊ ဒီဇင်ဘာ ၂၆၊၂၀၁၁
ရွှေရတနာ မြန်မာငွေလွှဲဆိုင်ကမြန်မာမိသားစုများထံက ငွေများ လိမ်လည်ခိုးယူထွက်ပြေးသည့် အရေးအခင်း၏ အဆက်အဖြစ်လွိုင်ဟိန်း မြန်မာငွေလွှဲဆိုင်က ဆိုင်ရှင်လင်မယား ၂ ဦးကလည်း မြန်မာတို့လွှဲထားသောငွေများကို မလွှဲပေးပဲ တိန်းရှောင်နေသည့် သတင်းထွက်ပေါ်လာသည်။ အဆိုပါ မြန်မာ ၂ဦး၏ဓာတ်ပုံကို မြန်မာများကျက်စားရာ ပင်နီဆူလာပလာဇာ တွင် ချိတ်ဆွဲထားသည်။
  ရွှေရတနာဆိုင်ပြိုလဲပြီးနောက် အခြားမြန်မာဆိုင်များတွင်လည်း လွှဲငွေများနှင့် ပတ်သက်ပြီး အကြပ်အတည်းများ၊ကောလဟာလများ ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါ အရေးအခင်းနှင့် ပတ်သက်ပြီး မြန်မာဆိုင်ရှင်များကစုဝေးပြီးဖြစ်စေ၊ မြန်မာသံရုံးကဖြစ်စေ တစုံတရာ ထုတ်ပြန်ခြင်း တရားဝင် မရှိသေးဟုဆိုသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts