>D let Myo – 8888 Poem

>

ဖြတ်ခနဲ လှည့်ကြည့်လိုက်တော့ ၂၃ နှစ် ရှိခဲ့ပြီ
ဒီလက်မျိုး
သြဂုတ် ၁၊ ၂၀၁၁

အဲဒီနေ့က ဆူးလေဘုရားတ၀ိုက်မှာ
ဒေါင်းအလံတွေ စစိုက်ကြတဲ့နေ့ပေါ့။
နုနယ်ပျိုမြစ်တဲ့ အဖြူအစိမ်းအသစ်လေးတွေကအစ
ရဲရဲဝင့်ဝင့်နဲ့
သမိုင်းအသစ်တခုကို ဖွင့်လှစ်လိုက်တဲ့နေ့လဲဖြစ်တယ်။

တကမ္ဘာလုံးရင်သပ်ရှုမောသွားရတဲ့
လူ့ရေစီးကြောင်းကြီး
မြန်မာနိုင်ငံပေါ်ကို ဖြတ်စီးသွားတဲ့နေ့လည်းဖြစ်တယ်။

မောင်းပြန်နဲ့ယမ်းငွေ့
တော်လဲသံနဲ့မျက်ရည်များ
ထောင်ပေါင်းများစွာသောလူထုက
လှံစွပ်ဖျားမှာ ရင်ဘတ်အပ်ရင်း
မင်းလေးဆက်ကို
ဖြုတ်ချပေးနိုင်ဖို့
အစပျိုးပေးခဲ့တဲ့နေ့လည်းဖြစ်တယ်

ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်ဟာ
ရဲရင့်တယ်
လေးနက်တယ်
ပေးဆပ်ရဲတယ်
ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်ဟာ
မြန်မာနိုင်ငံရဲ့သမိုင်းကို
တိုက်ရိုက်ပြောင်းပေးခဲ့တဲ့နေ့လည်းဖြစ်တယ်။

ဒီလိုနဲ့
ဖြတ်ကနဲ လှည့်ကြည့်လိုက်တော့
၂၃ နှစ်တောာင်ရှိသွားခဲ့ပြီ
ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်။

(၈၈၈၈ အရေးတော်ပုံကာလအတွင်း ကျဆုံးသွားခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ဒီကဗျာနဲ့ အလေးပြုပါတယ်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts