>
ထိုင်းနိုင်ငံတောင်ပိုင်းတွင် သီးညီနောင်အဖွဲ့သားများက
လူကုန်ကူးမှုတိုက်ဖျက်ရေး ပညာပေးပြဇာတ် ကပြတင်ဆက်
ထိုင်းနိုင်ငံတောင်ပိုင်းတွင်း သီးလေးသီး သီးညီနောင်အဖွဲ့သားများမှ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အဖြစ် ပညာပေးပြဇာတ်တပုဒ်အား ကပြဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။
ဆင်းရဲနွမ်းပါးသော သားအမိနှစ်ဦးမှ တဖက်နိုင်ငံနယ်စပ်သို့ ရောင်းစားခံခဲ့ရပြီး ကြေကွဲဖွယ်ရာ ဘ၀သရုပ်ဖော် ဇာတ်လမ်းတပုဒ်အဖြစ် ဖန်တီးထားပြီး ပြဇာတ်အမည်မှာ ”မြစ်တစင်း၏ မျက်ရည်” ဟု အမည်ပေး ထားကြောင်း သိရှိရ သည်။
ရွှေ့ပြောင်းအလုပ်သမားများအတွက် ပညာပေးဇာတ်လမ်းတပုဒ်ဖြစ် သလို ဆင်းရဲသော မိမိနိုင်ငံသားများ အတွက် သင်ခန်းစာရစေချင် သည့် ဆန္ဒဖြင့် တင်ဆက်ခဲ့ခြင်းဖြစ်ကြောင်း သီးလေးသီး သီးညီနောင် အဖွဲ့မှ မိုးမခသို့ ပြောကြားခဲ့ပါသည်။
မြစ်တစင်း၏ မျက်ရည်မှ ဇာတ်ကွက်များ