>
နောက်ကျတယ်ဆိုပေမယ့် နောက်မကျသေးပါဘူး
ဆောင်းယွန်းလ
နိုဝင်ဘာ ၂၊ ၂၀၁၀
အရေးကြီးကြီးမကြီးကြီး သွေးနီးဖို့ တိုက်တွန်းတဲ့
အရေးကြီးကြီးမကြီးကြီး သွေးနီးဖို့ တိုက်တွန်းတဲ့
တတ်သိပညာရှင် ကိုယ်တိုင်က
လေတမြမြတိုက်နေတဲ့ လမ်းဘေးဘုံဆိုင်မှာ
”တနေ့တော့ဖြစ်လာမှာပါ” သီချင်းနဲ့ထိုင်ပြီး
ကော်ရက်စ်အပိုဒ်ကို စီးကရက်မီးညှိနေတယ်….
”တနေ့တော့ဖြစ်လာမှာပါ” သီချင်းနဲ့ထိုင်ပြီး
ကော်ရက်စ်အပိုဒ်ကို စီးကရက်မီးညှိနေတယ်….
ဖိဖိဆီးဆီးလုပ်ကြဖို့ ပြောပြောနေတဲ့
နိုင်ငံတကာက အဓိပတိကြီးတချို့ကိုယ်တိုင်ကလည်း
ဒီပလိုမေစီဓာတ်တိုင်ကို လက်ဝဲရစ်ပတ်ပြီး တရားမှတ်နေကြတယ်… ဖေးဖေးမမကူညီကြဖို့ အသံကောင်းဟစ်နေတဲ့
အိမ်နီးနားချင်းအသိုင်းအဝိုင်းကတော့
အရိပ်မှာနေပြီး အခက်ကိုချိုးတဲ့ ဓားပြသူခိုးတွေနဲ့ အတူတူပဲ…. ကမ္ဘာပတ်နေတဲ့ နိုင်ငံပေါင်းချုပ်အဖွဲ့ကြီးရဲ့

အထွေထွေအတွင်းရေးမှုးချုပ်ကြီးကလည်း
အထူးစိုးရိမ်မိပါသည်ဆိုတဲ့ စကားတလုံးကို
သူဝတ်နေကျကုတ်အင်္ကျီလို မချွတ်တမ်းဝတ်ထားတုန်းပဲ….
.
အင်္ဂလိပ်စကားပြောရင်
လျှာနဲ့သွားခလုတ်တိုက်တတ်တဲ့ နိုင်ငံခြားရေးဝန်ကြီးကတော့
ကိုယ်တိုင် အမတ်လောင်းဝင်အရွေးခံဖို့ကလွဲရင်
ကျန်တာ”I don’t know” ငါမသိဘူးတဲ့…. ဒေါ်လာဆယ်သန်း ဆိုတာ
အခြေအနေမဟန်ရင် ပုန်းခိုဖို့ဆောက်ထားတဲ့
အကောင်းတို့နိုင်ငံက ငါ့ရဲ့အိမ်ငါးလုံးစာလောက်ပဲရှိပါတယ်ကွာဆိုတဲ့

ဗိုလ်မဲလုံးကြီးတယောက်ကတော့
မုန်တိုင်းကြောင့်ပျောက်သွားတဲ့ အိမ်ယာတွေအစား
နိုဝင်ဘာ၇ရက်နေ့မှာ မဲပုံးတွေထောင်ထားမယ်တဲ့ …
ဆွေးနွေးနေရုံနဲ့ ပြီးသွားမှာမဟုတ်တဲ့
၄၈ နှစ်တာ မီးလောင်ပြာကျနေရတဲ့ မြန်မာ့အရေးမှာ
လက်နှေးနေကြသေးသမျှ စစ်ကျွန်ဘဝကလွတ်မှာမဟုတ်သေးဘူး…
”အတ္ထ္ထ္ထာဟိ အတ္ထနော နာထော”တဲ့
ဗုဒ္ဒရဲ့စကားကို လက်ကိုင်ထားပြီး
တဦးချင်းစီရဲ့ ကျောက်ရိုင်းတုံးတွေကို ကိုယ်တိုင်သွေးယူကြလို့
အနိုင်မခံအရှုံးမပေးတဲ့ စိတ်တွေကိုလည်း မွေးမြူကြဖို့လိုတယ်…။ ။