>Maung Ba Chit – Apology to Saya Zaw Gyi

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

အားနာလှပါသည် ဆရာဇော်ဂျီ
မောင်ဘချစ်
အောက်တိုဘာ ၁၊ ၂၀၁၀
ဆရာဇော်ဂျီ စကား
“သင်သေ သွားသော် …”  တဲ့
နားမှာကြားနေ
”သင် သေသွားသော်
သင် ဖွားသောမြေ
သင်တို့ မြေသည်
အခြေတိုးမြင့်
ကျန်ကောင်းသင့်၏  …”  တဲ့။
ရေမြင့်ကြာတင့်
ဖြစ်သင့်ပါတယ်ဆရာ။
ခု … အခါမှာလေ
ရေထဲက ဖွတ် မိကျောင်းဖြစ်
မြစ် မချမ်းသာ ဆိုသလို
ခွေးခြင်္သေ့ ဘုရင်လုပ်
ငုတ်တုပ်ကြီးထိုင်တဲ့နေ့
ဒီတကွေ့မှာ
တွေ့မှ တွေ့တတ်ပလေ ဆရာရယ်။
တိရစ္ဆာန်လိုတွေး၊ တိရစ္ဆာန်လို ရေးတဲ့ ဥပဒေ နဲ့
တိရစ္ဆာန်ရွေးကောက်ပွဲ တဲ့ ဟေ့ နော်… ။
ကျနော်တို့ရဲ့ သမိုင်း ရာဇဝင်ရိုင်း သွားပြီမို့
ကျနော်တို့ကို ခွင့်လွှတ်ပါဆရာ။
လက်ဆယ်ဖြာ ထိပ်မှာ မိုး
ရှိခိုးကန်တော့ကာ တောင်းပန်ပါတယ်
အားနာလိုက်တာဆရာရယ်။
စက်တင်ဘာ ၂၉ ၂ဝ၁ဝ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts