>
The VOICE ဂျာနယ်လည်း အင်တာနက်ထဲ ၀င်တိုးပြီ
မိုးမခအထောက်တော် အမှတ် ၀၀၈
စက်တင်ဘာ ၂၃၊ ၂၀၁၀
စက်တင်ဘာ ၂၃၊ ၂၀၁၀
နာမည်ကျော်ဂျာနယ် The VOICE က သူ၏ ကိုယ်ပိုင် အွန်လိုင်း စာမျက်နှာကို အင်တာနက်လောကနှင့် မကြာသေးမီက မိတ်ဆက်ပေးလိုက်သည်။
လိပ်စာမှာ vwkly.com ဖြစ်သည်။ အပတ်စဉ်ထုတ် ပြိုင်ဘက် ဂျာနယ် ၀က်ဆိုက်များနှင့် မတူသော အချက်မှာ vwkly.com တွင် ဇော်ဂျီဝမ်းကို အားမပြုဘဲ ပုံနှိပ်စာမျက်နှာများအတိုင်း ဖတ်ရှုနိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ဂျာနယ်အဟောင်းများကိုလည်း ၆ လစာ တွေ့ရသည်။ အွန်လိုင်း စာမျက်နှာဖြစ်မြောက်ရေးအတွက် ကမကထ ပြုသူ လုပ်ငန်းရှင်တချို့၏ ကြော်ငြာများကိုလည်း ထည့်သွင်းထားသည်။ မြန်မာပြည်တွင် အပတ်စဉ်ထုတ် ဂျာနယ် ရာနှင့်ချီ ရှိသော်လည်း အနည်းငယ်ကသာ ၎င်းတို့၏ ထုတ်လုပ်မှုကို အွန်လိုင်းတွင် ဖော်ပြကြသည်။

နိုင်ငံတကာရောက် မြန်မာပြည်သားများ ဖတ်ရှုနိုင်သည့် ရန်ကုန်မှ ဂျာနယ်တချို့ (A-to-Z)
ecovisionjournal.com Ecovision
issuu.com/idealwebmaster အလင်းတန်း
myanmar.mmtimes.com မြန်မာတိုင်းမ်
myanmarinternetjournal.com အင်တာနက်
myanmartraining.com/news ရန်ကုန်မီဒီယာဂရု
news-eleven.com အလဲဗင်းမီဒီယာဂရု
popularmyanmar.com ပေါ်ပြူလာ
snapshot-news.com လျှပ်တစ်ပြက်
themyanmarpost.com မြန်မာပို့စ်
vwkly.com The VOICE
zaygwet.com ဈေးကွက်