>Letter from Reader

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ပေးစာကဏ္ဍ
တာဝန်ရှိသူတွေ ကန်ထရိုက်တာ ဘက်သို့ လိုက်ပြီး ရပ်ကွက်နေထိုင်သူတွေရဲ့ လုံခြုံမှုကို လျစ်လျူရှုနေ
၄၈ လမ်း အလယ်သား
သြဂုတ် ၂၈၊ ၂၀၁၀
ကျွန်မတို့ ၄၈ လမ်းအလယ်ဘလောက် မှာ မားသားဆန်း ကန်ထရိုက်တိုက်အသစ် ဆောက်ရာမှာ အုတ်မြစ်ချဖို့ မြေတူးတာကြောင့် သူ့နဲ့ ကပ်လျက်မှာရှိတဲ့ အမှတ် ၈၈-၉၆ တိုက်ရဲ့ ကြမ်းခင်းတွေမှာ အက်ကြောင်းတွေ ပေါ်လာပါတယ်။ မားသားဆန်း ကန်ထရိုက်တာတွေ တိုက်ဆောက်ဖို့ အုတ်မြစ်တူးရာမှာ ပက်လျက်တိုက် အနားကပ်ပြီးတူးတာ၊ ဘေးအဆောက်အဦနဲ့ ကပ်လျက် နဘေးမှာ သံတန်းတွေစိုက်ပြီး ကာတာမျိုး မလုပ်တာကြောင့် မကြာခင်မှာပဲ ကျွန်မတို့တိုက်ရဲ့ ကြမ်းခင်းတွေ အက်လာပါတော့တယ်။
အဲလိုပျက်စီးသွားတဲ့ အဖြစ်အပျက်ကို ကန်ထရိုက်တာကို ပြောတဲ့အခါ သူတို့က တိုက်ထဲဝင်ကြည့်ပြီး အပျက်အစီးကို ပြင်ဆင်ဖို့ ကုန်ကျစရိတ် ၃၇ သိန်းပေးမယ်လို့ ပြောပါတယ်။ အမှန်တကယ်တော့ အဆောက်အဦ တစ်ခုလုံး အက်သွားတဲ့ အဖြစ်ကြောင့် ငွေ ၃၇ သိန်းနဲ့ပြင်လို့လောက်စရာ မရှိပါဘူး။ အဲဒီနောက်မှာ ရန်ကုန်မြို့တော် စည်ပင်ကို တိုင်ကြားခဲ့ပါတယ်။ စည်ပင်က အဖြစ်အပျက်ကို စစ်ဆေးပြီး ဒီတိုက်ကို ကန်ထရိုက်တာက ၂ထပ်ခွဲတိုက် အသစ်ပြန်ဆောက်ပေးဖို့ အမိန့်ချပါတယ်။ ဒါပေမယ့် မားသားဆန်း ဆောက်လုပ်ရေးက ဆောက်တဲ့အဆောက်အဦကို ယုံကြည်စိတ်ချမှု မရှိလို့ ပျက်စီးသွားတဲ့အဆောက်အဦမှာ နေသူတွေက လက်မခံလိုကြပါဘူး။
ဘာကြောင့်လဲဆိုတော့ ကပ်လျက်မှာသူတို့ဆောက်တဲ့ တိုက်မှာ ပိုင်မပါပဲ ဆောက်တာ၊ ဆောက်ပြီးမကြာခင်မှာပဲ နံရံမှာ အက်ကြောင်းတွေပေါ်လာတာကို ကပ်လျက်တိုက်နေကျွန်မတို့ မြင်ကြရလို့ပါပဲ။ အဲဒီလို အရည်အသွေးမမှီတဲ့ အဆောက်အဦကိုလည်း ရန်ကုန်မြို့တော် စည်ပင်က ကြံ့ခိုင်မှုစစ်ဆေးတာမျိုးမတွေ့ရပါဘူး။
မြန်မာနိုင်ငံမှာ အရည်အသွေးစစ်ဆေးတဲ့၊ နစ်နာမှုဖြစ်ရင် တာဝန်ရှိတဲ့စည်ပင် သာယာအဖွဲ့၊ တိုင်တန်းဖို့တရားရုံးတွေကို အားကိုးလို့မရတော့ပါ။  လုပ်ငန်းရှင်တွေက အကျိုးအမြတ်နဲ့ယှဉ်ပြီးငွေထိုးကာ နစ်နာသူတွေဘက်က သူတို့လိုငွေ အလုံးအရင်းနဲ့ ပုံမပေးနိုင်တာကြောင့် ကျွန်မတို့ရဲ့ နစ်နာနေတဲ့ အဖြစ်ကို  တာဝန်ရှိသူတွေ သိရအောင် မိုးမခမှ တဆင့် အသိပေးလိုက်ပါတယ်။
ရန်ကုန် ၄၈လမ်း (အလယ်ဘလောက်) မှ နေထိုင်သူတဦး
(Photo – Mother Son Construction Building)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts