>The Passing of NLD Leader U Kyi Maung 6 years held at NLD HIV care center

>

ဦးကြည်မောင် ကွယ်လွန်ခြင်း ၆ နှစ်မြောက် ဆွမ်းကျွေး အိတ်ခ်ျအိုင်ဗွီ စောင့်ရှောက်ရေးဂေဟာမှာ ကျင်းပ

မိုးမခ အထောက်တော် ၀၀၅၊ ရန်ကုန်
သြဂုတ် ၁၉၊ ၂၀၁၀
အန်အယ်ဒီ ခေါင်းဆောင်၊ ဒုဥက္ကဌဟောင်း ဦးကြည်မောင်ရဲ့ (၆) နှစ်မြောက် နှစ်ပတ်လည်ဆွမ်းကျွေးကို  တောင်ဒဂုံ (၁၈) ရပ်ကွက်က မဖြူဖြူသင်းရဲ့ အိတ်ခ်ျအိုင်ဗွီ စောင့်ရှောက်ရေး ဂေဟာမှာ ယနေ့ မနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ယနေ့ပွဲနဲ့ပတ်သတ်ပြီး မဖြူဖြူသင်းက

`ဒီနေ့က အမှတ်တရနေ့လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က အန်ကယ်ဦးကြည်မောင် သုံးနှစ်ပြည့် ဆွမ်းကျွေးအဖြစ် အန်ကယ့်အိမ်မှာ လုပ်ရင်းနဲ့  ကိုမင်းကိုနိုင်တို့ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် လမ်းလျှောက်ပွဲ စခဲ့တဲ့နေ့လည်းဖြစ်တယ်။ ပြီးတော့ အန်ကယ်က တကယ်ကို သမိုင်းဝင်ပုဂ္ဂိုလ်လည်းဖြစ်တော့ ကျမတို့ ဒီလိုလုပ်ပေးခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်´
လို့ပြောပြခဲ့ပါတယ်။

ဒီပွဲကို အဲန်အယ်ဒီခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးဝင်းတင်၊ ဦးတင်ဦးတို့ တက်ရောက်ခဲ့ပါတယ်။

မကြာမီက လွတ်မြောက်လာတဲ့ ၈၈ကျောင်းသား ခေါင်းဆောင် ကိုမြတ်စံ

ဦးကြည်မောင် ၆နှစ်ပြည့် ဆွမ်းအလှူ

ဦးကြည်မောင်အတွက် မြတ်စံရဲ့ ၀မ်းနည်းမှတ်တမ်း

အန်အယ်ဒီအမတ် ဦးနိုင်းနိုင်း (တိုက်ပုံနှင့် …)
ဆွမ်းကပ်နေကြစဉ် …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts