>women in ffssyangon

>

နာရေးကူညီမှု အသင်းမှ အမျိုးသမီးတို့၏ လှုပ်ရှားမှု
ဓာတ်ပုံသတင်း
သြဂုတ် ၁၈၊ ၂၀၁၀နာရေးကူညီမှု အသင်း (ရန်ကုန်) ၏ နာရေး၊ ဆေးဝါး ကုသမှု၊ တခြားသော လူမှုရေး လုပ်ငန်းရပ်များတွင် အမျိုးသားများနှင့် တန်းတူ အမျိုးသမီးများသည်လည်း တက်တက်ကြွကြွ ပေးဆပ်လျက် ရှိပါသည်။
ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ) ၏ အဒေါ်ဖြစ်သူ မကြာသေးမီက ကွယ်လွန်သွားရာ နာရေးဈာပန လမ်းကြောင်းတွင် အသင်း ၏ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့ ဦးဆောင်၍ အသင်းသူ/သားများက ရေဝေးသို့ လိုက်လံ သယ်ယူ ပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့သည်။
ဘ၀တစ်ပါးသို့ ပြောင်းသွားသူသည် အသက် (၈၀) ကျော်ပြီဖြစ်သည်။ ဒေါ်ရွှေဇီးကွက်က ဂျပန်နိုင်ငံရောက် မြန်မာလူမျိုး ကိုဗညား လှူဒါန်းထားသော အထူးနိဗ္ဗာန်ယာဉ်ကို နာရေးနေအိမ်မှ မောင်းနှင်ပေးခဲ့သည်။


ထို့ကြောင့် လူမှုရေးလုပ်ငန်း လုပ်ဆောင်ရာတွင် ပေးဆပ်မှုအသီးသီးတို့သည် မည်မျှပင် ခက်ခဲခြင်း၊ ကြမ်းတမ်းခြင်း၊ အနှောက်အယှက်များခြင်း၊ ရာသီဥတုဒဏ် ပြင်းထန်ခြင်း ရှိစေကာမူ နာရေး ကူညီမှု အသင်း(ရန်ကုန်) ရှိ လူမှုရေးသမား အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူ ကိုယ်ကျိုးစွန့်၍ အများပြည်သူတို့ အတွက် ပေးဆပ် ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts