>Venus closing into Moon seen as omen – some says

>

သောကြာကြယ်နှင့် လနီးကပ်ခြင်းသည့် အဖြစ်အပေါ် နိမိတ်မကောင်းဟု အဓိပ္ပါယ်ကောက်ယူ

မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၁၆၊ ၂၀၁၀
နယုန်လဆန်း ၄ရက်နေ့ ဖြစ်သည့် ယနေ့ည ၇နာရီဝန်းကျင်မှ စပြီး လနှင့် သောကြာကြယ်တို့ အလွန်နီးကပ်စွာ တည်ရှိနေသည့် အဖြစ်ကို ရန်ကုန်မြို့ခံ အများဝိုင်းဝန်း ကြည့်ရှုနေကြကာ အတိတ်နိမိတ်အားဖြင့် မကောင်းသည့် အဓိပ္ပါယ် အဖြစ်ကောက်ယူနေကြကြောင်း ကြားသိရသည်။

ယနေ့ည ၇နာရီမှ တစ်နာရီကျော်ကြာ လနှင့် သောကြာကြယ် နီးနီးကပ်ကပ် တည်ရှိနေခြင်းကို စိတ်ဝင်တစား စောင့်ကြည့်နေသူများ ရှိပြီး တဦးနှင့်တဦးဖုန်းဆက်ကာ အသိပေးကြသည့် အဖြစ်ကိုလည်း တွေ့ရသည်။ 

ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ်နေ ထိုင်သူတဦးက “လနဲ့ ကြယ် ကပ်နေတယ်ဆိုတာ အရင်တုန်းက ရှိတဲ့ စာဆိုလို သောကြာကြယ်ကြီး လနဲ့နီး ပြည်ကြီးပျက်လတ္တံ့ဆိုတဲ့
အဓိပ္ပါယ် တချိှု့ကောက်ကြတယ် …”
ဟုပြောဆိုသည်။  
လောလောဆယ် နိုင်ငံရေး အခြေအနေ မတည်ငြိမ်၊ လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့တွေကိုလည်း နယ်ခြားစောင့် တပ်ဖွဲ့ဖို့ဖိအားပေး သည့်ကိစ္စရပ်များကြောင့် တိုင်းရေးပြည်ရေး အလားအလာမကောင်းသည့် လက္ခဏာအဖြစ် လူအများက ယူဆလျက်ရှိကြသည်။

(ဓာတ်ပုံ – မိုးမခ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts